The network connection is lost.

Banner Image

မာဆေးလ်နဲ့ပွဲအတွက် မိုနာကိုအသင်းရဲ့ လူစာရင်းမှာ ပေါ့ဘာ ပြန်လည်ပါဝင်လာ

ဒီနေ့ညမှာ ကစားမယ့် မာဆေးလ်နဲ့ လီဂူးဝမ်း ပွဲကြီးပွဲကောင်းအတွက် AS မိုနာကိုအသင်းရဲ့ လူစာရင်းမှာ ပေါလ်ပေါ့ဘာ ပြန်လည်ပါဝင်လာပါတယ်။

မိုနာကိုနည်းပြ ဆီဘက်စတီယန် ပိုကိုဂနိုလီက ပေါ့ဘာဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ကြံ့ခိုင်မှုအဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အရိပ်အမြွက် ပြောကြားခဲ့တာပါ။

ဒီနေ့မနက်မှာတော့ မိုနာကိုအသင်းက ဒီနေ့ညပွဲစဉ်အတွက် ပေါ့ဘာ လူစာရင်းမှာ ပါဝင်လာမယ်ဆိုတာကို အတည်ပြု ကြေညာခဲ့ပါတယ်။

ခရစ္စမတ်မတိုင်ခင်က ရရှိခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပေါ့ဘာဟာ အခုအခါမှာတော့ ကြံ့ခိုင်မှု အပြည့်အဝရှိနေပြီလို့ သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။

မန်ယူနဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးလည်းတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီနေ့ညပွဲစဉ်မှာတော့ အရန်ခုံကနေပဲ စတင်ပွဲထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။