The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့လက်တွဲခဲ့တဲ့ဒီဇာဘီကို ငြင်းပယ်ခဲ့တဲ့ ယူနိုက်တက်

တော့တင်ဟမ်ကို မပြောင်းခင်မှာ ရော်ဘတ်တို ဒီဇာဘီကို ခန့်အပ်ဖို့ ယူနိုက်တက်က ငြင်းပယ်ခဲ့ပါတယ်။

တော့တင်ဟမ်ရဲ့ နည်းပြသစ် မဖြစ်လာခင်မှာ ရော်ဘတ်တို ဒီဇာဘီကို ခန့်အပ်ဖို့ ရရှိခဲ့တဲ့ အခွင့်အရေးကို ယူနိုက်တက်က ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဇာဘီဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အီဂေါ တူဒေါ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် တော့တင်ဟမ်ရဲ့ အမြဲတမ်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

တော့တင်ဟမ်အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရပ်တည်နိုင်အောင် ကြိုးစားပေးဖို့ တာဝန်မယူခင်မှာပဲ သူဟာ လာမယ့်နွေရာသီမှာ အသင်းကို တာဝန်ယူကိုင်တွယ်ဖို့အတွက် ယူနိုက်တက်ဆီကို အရင်ဆုံး ချဉ်းကပ်ခဲ့ပါသေးတယ်။

TalkSPORT ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အဆိုပါ အီတလီလူမျိုးနည်းပြကို ခန့်အပ်ဖို့ စိတ်မဝင်စားခဲ့ဘဲ ဒါဟာ နည်းပြရာထူးကို အမြဲတမ်း ရယူချင်နေတဲ့ မိုက်ကယ် ကားရစ်ရဲ့ ရည်မှန်းချက်တွေအတွက် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။

 ကားရစ်ဟာ ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် စတင်တာဝန်ယူချိန်ကစလို့ အားလုံးအံ့ဩရလောက်တဲ့ ခြေစွမ်းတွေပြသနေသူဖြစ်ပြီး နိုင်ပွဲ ၇ ပွဲ၊ သရေ ၂ ပွဲနဲ့ ၁ ပွဲသာ ရှုံးနိမ့်ကာ အသင်းကို ပရီးမီးယားလိဂ် အဆင့် ၃ နေရာအထိ ရောက်အောင် ပို့ဆောင်ပေးထားနိုင်ပါတယ်။