The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်နဲ့ မော်ရင်ဟိုတို့ အံ့အားသင့်ဖွယ် ပြန်ပေါင်းစည်းဖို့ ထောက်ခံပေးထားတဲ့ နစ်ကီဘတ်

အတိတ်မှာ အသင်းနဲ့လမ်းခွဲရချိန် စိတ်ပျက်စရာတွေ ရှိခဲ့ဖူးပေမဲ့လည်း မော်ရင်ဟိုမှာ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်နိုင်စွမ်း ရှိနေသေးတယ်လို့ နစ်ကီဘတ်က ယုံကြည်နေပါတယ်။

သရဲနီဂန္ထဝင်ကစားသမားနစ်ကီဘတ်က မော်ရင်ဟိုရဲ့ ဆုဖလားမှတ်တမ်းကောင်းတွေကို ထောက်ပြပြီး အိုးလ်ထရက်ဖို့ဒ်ဆီ ပေါ်တူဂီနည်းပြ ပြန်လာမာ်ဆိုရင် ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ယူနိုက်တက်ကို ယူရိုပါလိဂ်နဲ့ EFL ဖလားအောင်မြင်မှုတွေ ရရှိအောင် လမ်းပြပေးခဲ့ပြီး နောက်ပိုင်းမှာတော့  အသင်းနဲ့ ကတောက်ကဆဖြစ်ကာ လမ်းခွဲသွားခဲ့ပါတယ်။

"မော်ရင်ဟိုက အောင်မြင်မှုတွေ ရယူပေးနိုင်ပြီး ဒီကလပ်အသင်းကို ကောင်းကောင်း ထိန်းကျောင်းနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအကြီးအကဲတွေကတော့ ဒါကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကစားသမားခေါ်ယူရေးမှာ ဝင်ပါတာထက် နည်းပြအလုပ်ကိုပဲ အာရုံစိုက်မယ့်သူမျိုးကိုပဲ အခုနောက်ပိုင်း ပိုပြီး သဘောကျနေကြလို့ ဖြစ်ပါတယ်" လို့ နစ်ကီဘတ်က Paddy Power ကို ပြောပါတယ်။

ဒါ့အပြင် သူက "နာမည်ကျော်နည်းပြတစ်ဦးအတွက် အသင်းရဲ့အသုံးစရိတ်၊ အချိန်နဲ့ လုပ်ပိုင်ခွင့်တွေအတွက် အာမခံချက်မရှိဘဲ မန်ချက်စတာယူနိုက်တက်ဆီ လာချင်စရာ မရှိပါဘူး။ အခုရှိနေတဲ့ အသင်းရဲ့ဖွဲ့စည်းပုံက ဒါကို ခက်ခဲစေပြီး သူတို့အတွက် မိုက်ကယ်ကာရစ်လိုလူမျိုးကိုပဲ ပိုပြီး ရွေးချယ်နိုင်ပါတယ်" လို့လည်း ဆိုပါတယ်။