နူအာ အနားယူမယ်ဆိုရင် အာဘစ်ရဲ့အရန်အဖြစ် ဟမ်းဘတ်ဂိုးသမားကို မြင်တွေ့ရဖွယ်ရှိ
ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်ရာသီမှာ ဂျိုးနပ်စ်အာဘစ်ရဲ့ အရန်ဂိုးသမားအဖြစ် ဟမ်းဘတ်ဂိုးသမားဒန်နီရယ်ဟူဝါ-ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအသင်းရဲ့စီနီယာဂိုးသမားနူအာ အနားယူဖို့ ဆုံးဖြတ်မှသာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်ပါလိမ့်မယ်။
တစ်ဖက်မှာလည်း ဟူဝါ-ဖာနန်ဒက်စ်ရဲ့စာချုပ်က ဒီနွေရာသီမှာ ကုန်ဆုံးဖို့ရှိနေပြီး တကယ်လို့ ဟမ်းဘတ်သာ တန်းမဆင်းရဘူးဆိုရင် သူ့ရဲ့စာချုပ်သက်တမ်းက အလိုအလျောက် တစ်နှစ်သက်တမ်းတိုးသွားပါလိမ့်မယ်။
ဟမ်းဘတ်ကလည်း ဒီပေါ်တူဂီဂိုးသမားကို ဆက်ထိန်းထားချင်ပေမဲ့ ကစားသမားကိုယ်တိုင် စိန်ခေါ်မှုအသစ်တွေ ရှာဖွေချင်တယ်ဆိုရင်တော့ အသင်းဘက်က တားဆီးသွားနိုင်စရာ မရှိပါဘူး။
အသက်-၃၃ နှစ်အရွယ်ဟူဝါ-ဖာနန်ဒက်စ်က အခုရာသီ၊ ဘွန်ဒက်စ်လီဂါ ၂၇ ပွဲမှာ ခြောက်ပွဲအထိ Clean Sheet ရရှိထားပြီး အခုရာသီအတွက် ပဉ္စမမြောက်အကောင်းဆုံးပူးတွဲစံချိန်လည်း ဖြစ်ပါတယ်။