The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ အဆက်အသွယ်ရှိနေကြောင်း ဟော်ဖန်ဟိမ်းတိုက်စစ်မှူး အက်စ်လာနီရဲ့ အေးဂျင့် အတည်ပြု

ဟော်ဖန်ဟိမ်းအသင်းရဲ့ တိုက်စစ်မှူး ဖစ်နစ်ခ် အက်စ်လာနီကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်ဆိုတာကို သူ့ရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။ အက်စ်လာနီဟာ ဒီရာသီမှာ ဘာစီလိုနာနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ သူ့ရဲ့အေးဂျင့် အေမန် ဒါမန်နီက လာလီဂါကလပ်အသင်းကြီးနဲ့ အမှန်တကယ် အဆက်အသွယ်ရှိနေကြောင်း အတည်ပြုပေးခဲ့တာပါ။

"လက်ရှိမှာ ကစားသမားအပေါ် ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုက အစစ်အမှန်ပါပဲ၊ ကတ်တလန်ကလပ်နဲ့လည်း အဆက်အသွယ်တွေ ရှိထားပါတယ်" လို့ အေမန် ဒါမန်နီက Mundo Deportivo သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟော်ဖန်ဟိမ်းအသင်းကတော့ ဒီနွေရာသီမှာ အက်စ်လာနီကို ရောင်းချဖို့ ဝန်လေးနေပေမဲ့ သူ့ရဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး (Buyout clause) ကြောင့် အသင်းအနေနဲ့ ငြင်းဆန်ဖို့ ခက်ခဲသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။ အဲဒီ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၂၅ သန်းကနေ ၂၉ သန်းကြားမှာ ရှိတယ်လို့ သိရပြီး ဘယ်အသင်းက ဒီပမာဏကို ပေးချေပြီး ခေါ်ယူဖို့ ဆုံးဖြတ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အက်စ်လာနီရဲ့ ဟော်ဖန်ဟိမ်းနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ရှိနေတာလည်း ဖြစ်ပါတယ်။