The network connection is lost.

Banner Image

နည်းပြလောကဆီ စတင်ဝင်ရောက်လာတဲ့ ဂျာမိန်းဒီဖိုး

ဂျာမိန်းဒီဖိုးက နေရှင်နယ်လိဂ်ကလပ် ဝိုကင်း(Woking FC)အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် သူ့ရဲ့ပထမဆုံးသောနည်းပြဘဝခြေလှမ်းကို စတင်လိုက်ပါတယ်။

တော့တင်ဟမ်နဲ့ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်းဒီဖိုးက ခက်ခဲကြမ်းတမ်းတဲ့ ရွေးချယ်မှုလုပ်ငန်းစဉ်တွေကို ကျော်ဖြတ်ပြီးနောက် လိုက်ဝိတ်ကွန်မြူနတီ ကွင်းမှာ နီးလ်အာဒ်လေရဲ့နေရာကို အစားထိုးဝင်ရောက်လာပါတယ်။

ဒီဖိုးက ရိန်းဂျားစ်အသင်းမှာ ယာယီနည်းပြအဖြစ်လည်းကောင်း၊ တော့တင်ဟမ်ရဲ့ လူငယ်အကယ်ဒမီမှာလည်းကောင်း နည်းပြအတွေ့အကြုံတွေ ရရှိခဲ့ဖူးပေမဲ့ အခုတော့ သူ့ရဲ့ပထမဆုံးအကြိမ် အမြဲတမ်းနည်းပြဘ၀ စတင်မှု ဖြစ်လာပါတယ်။

"ဝိုကင်းက သမိုင်းကြောင်းရှိတဲ့ ကလပ်အသင်းတစ်ခုဖြစ်သလို တိုးတက်လာဖို့ အလားအလာတွေလည်း အများကြီးရှိပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့စီမံကိန်းမှာ ပါဝင်ခွင့်ရလို့ အရမ်းဝမ်းသာမိသလို အလုပ်တွေ စတင်လုပ်ကိုင်ဖို့လည်း မစောင့်ဆိုင်းချင်တော့ပါဘူး" လို့ ဒီဖိုးက ပြောကြားခဲ့ပါတယ်။

ဝိုကင်းအသင်းဟာ လူတွေ့စစ်ဆေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးမှ ဒီဖိုးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းဥက္ကဋ္ဌ Todd Johnson ကတော့ ဒီဖိုးရဲ့ ခေတ်မီဘောလုံးအယူအဆတွေနဲ့ ရှင်းလင်းပြတ်သားတဲ့ ရေရှည်စီမံကိန်းတွေကို အခုလိုရွေးချယ်ခဲ့မှုအတွက် အဓိကအချက်အဖြစ် ထောက်ပြပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းကတော့ အခုလိုအသင်းတစ်ခုမှာ အပြည့်အဝစီမံခန့်ခွဲပြီး နည်းပြလောကထဲဆီ ခြေစုံပစ်ဝင်ရောက်ခွင့်ရရှိလို့ စိတ်လှုပ်ရှားနေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။