The network connection is lost.

Banner Image

တော့တင်ဟမ် ဂိုးသမား ကင်စကီးထံ ဆက်သွယ်ခဲ့တဲ့ အကြောင်းရင်းကို ဖီအိုရင်တီးနား အသင်းခေါင်းဆောင် ဒီဂီယာ ရှင်းပြ

ဖီအိုရင်တီးနား အသင်းခေါင်းဆောင် ဒေးဗစ် ဒီဂီယာက တော့တင်ဟမ် ဂိုးသမား အန်တိုနင် ကင်စကီးထံ အခုလအစောပိုင်းက ဆက်သွယ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်အသင်း ရှုံးနိမ့်ခဲ့ပြီး ကင်စကီးဟာ ပွဲကစားချိန် ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရပြီးနောက်မှာ ဒီဂီယာက သူ့ထံကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် အားပေးစကား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆက်သွယ်ခဲ့ရတဲ့ အကြောင်းရင်းကို မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းက ရှင်းပြရာမှာတော့ "ဘာက အခက်ခဲဆုံးလဲလို့ မေးရင် အရာအားလုံးပါပဲ။ ဝတ်စုံကနေစပြီး လေ့ကျင့်ခန်းတွေအထိ ဂိုးသမားတစ်ယောက်ဟာ တခြားကစားသမားတွေနဲ့ မတူဘဲ ကွဲပြားပါတယ်။ သင်ဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပေမဲ့လည်း တကယ်တမ်းမှာတော့ တစ်ယောက်တည်းပါပဲ။ အဲဒါကြောင့် မယုံနိုင်လောက်အောင် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိဖို့ လိုပါတယ်။ အမှားတစ်ခု လုပ်မိရင်လည်း လူတိုင်းက သတိထားမိကြပါတယ်။ ဒီရာထူးရဲ့ စိန်ခေါ်မှုတွေကို ဂိုးသမားအချင်းချင်းပဲ အမှန်တကယ် နားလည်နိုင်မှာပါ" လို့ ပြောကြားခဲ့ပါတယ်။