The network connection is lost.

Banner Image

ဝက်စ်ဟမ်းကနေ အငှားနဲ့လာကစားနေတဲ့ ဖူးခရူးနဲ့ ပတ်သက်ပြီး အေစီမီလန် ဆုံးဖြတ်ချက်ချ

အေစီမီလန်အသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်မှူး နစ်ကလပ်စ် ဖူးခရူးကို အပြီးသတ်ဝယ်ယူဖို့ အစီအစဉ်မရှိတော့ဘဲ လက်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဝက်စ်ဟမ်းကနေ အေစီမီလန်ဆီကို ရာသီကုန်အထိ အငှားစာချုပ်၊ အပြီးသတ်ဝယ်ယူခွင့် Option ပါဝင်တဲ့ သဘောတူညီချက်နဲ့ ရောက်ရှိလာခဲ့တာပါ။

 အပြောင်းအရွှေ့ကျွမ်းကျင်သူ မက်တီယို မော်ရက်တိုရဲ့ အဆိုအရ မီလန်အသင်းဟာ ဖူးခရူးကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ဖူးခရူးအနေနဲ့ ဝက်စ်ဟမ်းအသင်းဆီပဲ ပြန်သွားမလား ဒါမှမဟုတ် တခြားအသင်းတစ်သင်းဆီ ထပ်မံပြောင်းရွှေ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဝက်စ်ဟမ်းအသင်းနဲ့ သူရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ ရှိနေတာဖြစ်ပါတယ်။ အငှားနဲ့ လာရောက်ကစားနေတဲ့ ကာလအတွင်းမှာတော့ ဖူးခရူးဟာ အေစီမီလန်အတွက် စီးရီးအေ ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။