The network connection is lost.

Banner Image

ချဲလ်ဆီးမှာ မပျော်တော့တဲ့ပယ်လ်မာကို ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ စောင့်ကြည့်နေ

ချဲလ်ဆီးမှာ ပယ်လ်မာ တစ်စထက်တစ်စ မပျော်မရွှင်ဖြစ်လာတာကြောင့် ယူနိုက်တက်နဲ့အတူ ဘိုင်ယန်မြူးနစ်ကလည်း စောင့်ကြည့်လာပါတယ်။ ကိုးလ်ပယ်လ်မာဟာ ချဲလ်ဆီးအသင်းမှာ ပိုပြီးတော့ မပျော်မရွှင်ဖြစ်လာနေတာပါ။

နည်းပြ လီယမ်ရိုဆင်နီယာ အသုံးပြုနေတဲ့ ကစားကွက်စနစ်က သူ့ရဲ့ အရည်အချင်းတွေကို အပြည့်အဝ အသုံးမချနိုင်ဘူးလို့ ပယ်လ်မာက ယူဆနေပြီး အဲ့ဒီစနစ်အပေါ် စိတ်ပျက်နေတယ်လို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။

ဒါ့အပြင် ပယ်လ်မာဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာ အတွဲညီခဲ့တဲ့ အသင်းဖော် နီကိုးလက်စ် ဂျက်ဆင်ကိုလည်း သတိရနေပြီး ဂျက်ဆင်ကတော့ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ပယ်လ်မာကို ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြပြီး ပယ်လ်မာကိုယ်တိုင်ကလည်း လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖို့အထိ ပြင်ဆင်လာနိုင်ပါတယ်။

အကယ်လို့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင် ပယ်လ်မာကို အသင်းမှာ ဆက်ရှိနေအောင် ဆွဲဆောင်ဖို့ အခွင့်အလမ်း ပိုနည်းသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ချဲလ်ဆီးဘက်ကတော့ ပယ်လ်မာဟာ ရောင်းဖို့မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပြီး ဒီကွင်းလယ်လူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၃၃ ခုနှစ်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။