The network connection is lost.

Banner Image

တော့တင်ဟမ်လူငယ်ကြယ်ပွင့်ဗက်စ်ကိုဗစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

အခုလက်ရှိ အငှားထွက်ကစားနေတဲ့ တော့တင်ဟမ်နောက်ခံလူလူကာဗက်စ်ကိုဗစ်ကို စိတ်ဝင်စားနေတဲ့အသင်းတွေအနက် ချဲလ်ဆီးလည်း ပါဝင်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် ဒီလူငယ်ကစားသမားက ဟမ်းဘတ်မှာ အငှားသွားရောက်ကစားရင်း ခြေစွမ်းပြနေလို့ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် အသင်းကြီးတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာပါတယ်။

ဗက်စ်ကိုဗစ်က ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ တော့တင်ဟမ်အတွက် တရားဝင်ကစားပေးရခြင်း မရှိသေးပေမဲ့ မြောက်လန်ဒန်ကလပ်နဲ့ လမ်းခွဲရမယ့် အခြေအနေမှာ ရှိနေပါတယ်။

BILD သတင်းစာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက ဒီလူငယ်ဗဟိုခံစစ်မှူးကို စိတ်ဝင်စားကြောင်း ပြသလာတဲ့ နောက်ဆုံးအသင်းဖြစ်ပေမဲ့ တခြားပြိုင်ဘက်အသင်းတွေလည်း ရှိနေသေးလို့ အပြင်းအထန်ကြိုးစားသွားရမယ်လို့ သိရပါတယ်။

တဖက်မှာ လီဗာပူးကလည်း ဗက်စ်ကိုဗစ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေသလို ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။