The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံရလို့ ခံစားချက်ထုတ်ဖော်လာတဲ့ အသက်-၃၅ နှစ်အရွယ်ဘရိုက်တန်ဂိုးသမားစတီးလီ

ဘရိုက်တန်ဂိုးသမား ဂျေဆန်စတီးလီကတော့ မမျှော်လင့်ဘဲ အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိခဲ့မှုအတွက် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိဂိုးသမားက ကမ္ဘာ့ဖလားအကြိုပြင်ဆင်မှုအဖြစ် ဂျပန်၊ ဥရုဂွေးတို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အင်္ဂလန် ယူ-၁၆၊ ယူ-၁၇ နဲ့ ယူ-၂၁ အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ စတီးလီအတွက် အခုအချိန်မှသာ စီနီယာလက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့် ရရှိခဲ့တာပါ။

"ကိုယ့်နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ။ အသက် ၁၅ နှစ်မှ ၂၁ နှစ်အထိ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ကစားခွင့်ရခဲ့မှုက ကျွန်တော့်အတွက်တော့ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီအတွက်လည်း တကယ့်ကို ဂုဏ်ယူမိသလို အထူးအခွင့်အရေးရရှိသလိုမျိုးလည်း ခံစားရပါတယ်" လို့ သူက ဆိုပါတယ်။

"အခုလို အခွင့်အရေးရလာတယ်ဆိုတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။"

"ကျွန်တော် မျှော်လင့်ထားတာထက်တော့ နည်းနည်းလေး နောက်ကျသွားတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အမှတ်တရကောင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဝဲလ်ဘတ်နဲ့ပေါ့။ ဒါက အခုချိန်မှာ ကျွန်တော်တို့ ပြန်ပြောပြီး ရယ်မောဖြစ်တဲ့ အကြောင်းအရာလေးတွေပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အချိန်တွေအများကြီးအတူတူဖြတ်သန်းခဲ့ကြပြီး အရမ်းကို ခင်မင်ရင်းနှီးခဲ့ကြပါတယ်" လို့ သူက ဆက်ပြောပါတယ်။

"ဒါ တကယ့်ကိုလှပတဲ့ခရီးစဉ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်မှုတွေရဲ့ ရလဒ်ပေါ့။ အသက် ၃၅ နှစ်အထိလည်း နေ့တိုင်း ဘောလုံးပုတ်ပြီး လေ့ကျင့်ခန်းဆင်းရတာ၊ ဒီကလပ်အသင်းအတွက် အစွမ်းကုန်ပေးဆပ်နေရတာတွေနဲ့ ကျွန်တော် ပျော်နေတုန်းပါပဲ။ နောက်ဆုံးမှာတော့ ဒီပေးဆပ်မှုတွေက အရာထင်လာခဲ့ပါပြီ" လို့ စတီးလီက ပြောကြားခဲ့ပါတယ်။