The network connection is lost.

Banner Image

အူဒီးနီးစ်နောက်ခံလူ ဆိုလက်အတွက် ဈေးကြီးပေးရမယ်လို့ အင်တာမီလန်ကို အသင်းပိုင်ရှင်က သတိပေး

အူဒီးနီးစ်နောက်ခံလူ အိုမာဆိုလက်ကို ခေါ်ယူချင်တယ်ဆိုရင် ဈေးအမြင့်ဆုံးပေးရမယ်လို့ အင်တာမီလန်အသင်းကို သတိပေးလိုက်ပါတယ်။ အင်တာမီလန်ဟာ ဒီနွေရာသီမှာ အလက်ဇန်ဒရို ဘတ်စတိုနီကို လက်လွှတ်ရနိုင်ခြေ ရှိနေတာကြောင့် အစားထိုးဖို့အတွက် ဆိုလက်ကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

အူဒီးနီးစ်အသင်းပိုင်ရှင် ဂျန်ပေါ်လို ပေါ့ဇိုကတော့ ဆိုလက်ကို ခေါ်ယူဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်လိမ့်မယ်လို့ အခုအခါမှာ အခိုင်အမာ ပြောဆိုလာပါတယ်။

"ဆိုလက်က အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းမှာ အရေးပါတဲ့သူပါ" လို့ သူက Radio Rai Gr Parlamento ကို ပြောကြားခဲ့ပါတယ်။

"သူ့ရဲ့တန်ဖိုးကို ဈေးနှုန်းသတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဈေးနှုန်းတစ်ခု အတိအကျပြောဖို့လည်း ကျွန်တော် အဆင်မပြေပါဘူး၊ ကျွန်တော်တို့က စတော့ရှယ်ယာဈေးကွက် မဟုတ်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။

ဆိုလက်ဟာ အူဒီးနီးစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာလည်း ဖြစ်ပါတယ်။