The network connection is lost.

Banner Image

ဘာစီလိုနာအသင်းဆီ ပြန်လာဖို့ လမ်းဖွင့်လိုက်တဲ့ မာယော့ကာ တောင်ပံကစားသမား ဗာဂျီလီ

မာယော့ကာအသင်းရဲ့ တောင်ပံကစားသမား ယန်ဗာဂျီလီက သူဟာ ဘာစီလိုနာအသင်းဆီ ပြန်လာဖို့ အဆင်သင့်ရှိနေကြောင်း ဝန်ခံလိုက်ပါတယ်။ ဘာစီလိုနာ လူငယ်အသင်း (Barca Atletic) ထွက် ကစားသမားဟောင်းဖြစ်သူ ဗာဂျီလီဟာ အသင်းတာဝန်ရှိသူတွေ တောင်ပံကစားသမားအသစ် ရှာဖွေနေတဲ့ ဒီနွေရာသီမှာ ဘာစီလိုနာရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဗာဂျီလီဟာ လွန်ခဲ့တဲ့ တစ်နှစ်က ယူရို ၃.၅ သန်းနဲ့ မာယော့ကာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အခုဆိုရင် ထိပ်တန်းလိဂ်ရဲ့ ပထမဆုံးရာသီမှာတင် ခြေစွမ်းပြပြီး နာမည်ရလာသူ ဖြစ်ပါတယ်။

မနှစ်က နွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ၎င်းက "ကျွန်တော် စီနီယာအသင်းနဲ့အတူ ရာသီကြို လေ့ကျင့်မှုတွေ စတင်ခဲ့တုန်းက အသင်းရဲ့ နယ်လှည့်ခြေစမ်းပွဲ ခရီးစဉ်တွေမှာ လိုက်ပါခွင့်ရဖို့နဲ့ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြခွင့် ဒါမှမဟုတ် စီနီယာအသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်ခဲ့မိတယ်၊ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူက ဆက်ပြီး "တကယ်လို့ (ဘာစီလိုနာ အားကစားတာဝန်ခံ) ဒေကိုကသာ ကျွန်တော့်ကို ဖုန်းခေါ်လာမယ်ဆိုရင် ငြင်းပယ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။ ဗာဂျီလီဟာ မာယော့ကာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။