The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုဝယ်ယူနိုင်ရေး ဖာရန်တောရက်စ်ကိုရောင်းချသွားဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

ဒီနွေရာသီမှာ ဘာစီလိုနာအသင်းဟာ ဖာရန်တောရက်စ်ထက် မားကပ်စ်ရပ်ရှ်ဖို့ဒ်ကိုပဲ ရွေးချယ်ဖို့ အသင့်ဖြစ်နေပါတယ်။ ရပ်ရှ်ဖို့ဒ်က လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဘာစီလိုနာကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး သူ့ရဲ့အငှားစာချုပ်ထဲမှာ ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်မယ့် အခွင့်အရေးလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ ESPN ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်နေတာကြောင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို ဆက်ထိန်းထားနိုင်ဖို့ ဖာရန်တောရက်စ်ကို အရောင်းစာရင်းသွင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဖာရန်တောရက်စ်ဟာ နည်းပြ ဟန်ဆီဖလစ်လက်အောက်မှာ အသင်းအတွက် အကျိုးပြုနိုင်ခဲ့ပေမဲ့ ဒီနွေရာသီမှာ ကစားသမားနှစ်ယောက်ထဲက တစ်ယောက်ကိုပဲ တိုက်ရိုက်ရွေးချယ်ရမယ်ဆိုရင်တော့ ဘာစီလိုနာ စီမံခန့်ခွဲသူတွေက ရပ်ရှ်ဖို့ဒ်ကိုပဲ ဆက်ထိန်းထားရတာကို ပိုပြီး ကျေနပ်အားရနေမှာ ဖြစ်ပါတယ်။

တောရက်စ်ဟာ ၂၀၂၂ ခုနှစ်က မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ (၄) နှစ်နီးပါးကာလအတွင်းမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၇ အထိ ရှိနေသေးတာကြောင့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းထုတ်ဖို့အတွက် ဒီနွေရာသီဟာ အချိန်အသင့်တော်ဆုံးဖြစ်နိုင်တယ်လို့ ဘာစီလိုနာဘက်က ယူဆနေပါတယ်။