The network connection is lost.

Banner Image

ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်နောက်ခံလူ ကမ်ဘီယာဆိုကို မျက်စိကျနေ

ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံလူ အန်ဒရီယာ ကမ်ဘီယာဆိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပါတယ်။

အီတလီလက်ရွေးစင်ကစားသမားဖြစ်သူ ကမ်ဘီယာဆိုကို ဘာစီလိုနာက စိတ်ဝင်စားနေတယ်လို့ La Gazzetta dello Sport သတင်းဌာနက ဖော်ပြထားပါတယ်။ ကမ်ဘီယာဆိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသလို နည်းပြ လူစီယာနို စပယ်လက်တီရဲ့ အားကိုးရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အမြားပေးမှသာ အသင်းက လက်လွှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းက ကမ်ဘီယာဆိုရဲ့ တန်ကြေးကို ယူရို သန်း ၅၀ လို့ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက မန်စီးတီးအသင်းရဲ့ အသည်းအသန် ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ဖူးပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ နောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပြီး ကမ်ဘီယာဆိုဟာ သူတို့ရဲ့ ဦးစားပေးစာရင်း ထိပ်ဆုံးမှာ ပါဝင်နေတာဖြစ်ပါတယ်။