The network connection is lost.

Banner Image

ချဲလ်ဆီးမှာ ကူကူရယ်လာရဲ့နေရာအတွက် အစားထိုးနိုင်မယ့်သူကို ရှာဖွေနေတဲ့ အလွန်ဆို

အလွန်ဆိုအတွက် ချဲလ်ဆီးနည်းပြဘ၀မှာ ဖြေရှင်းရမယ့် ပြဿနာများစွာ ရှိနေပြီး ဒီပြဿနာတွေထဲမှာ ကူကူရယ်လာရဲ့နေရာကို အစားထိုးမယ့်သူ ရှာဖွေဖို့လည်း ပါဝင်လာနိုင်ပါတယ်။

ကူကူရယ်လာက စပိန်နိုင်ငံဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ပိုမိုသဘောကျနေပြီး ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းမှ ထွက်ခွာဖို့ လိုလားနေပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့လို ကလပ်ကြီးတွေရဲ့အာရုံစိုက်မှုရှိနေချိန် အလွန်ဆိုကလည်း စတမ်းဖို့ဒ်ဘရစ်မှ ကူကူရယ်လာထွက်ခွာခန်းကို တားဆီးသွားဖို့ မရှိပါဘူး။

အသက် ၂၇ နှစ်အရွယ်ကစားသမားက အလွန်ဆိုရဲ့ ၃-၄-၂-၁ ကစားကွက်မှာ တိုက်စစ်လိုက်ပါနိုင်တဲ့ ဘယ်အစွန်ခံစစ်ကစားဖို့အတွက် အကောင်းဆုံးသူလို့ သတ်မှတ်ခံထားရပြီး တိုက်စစ်အရည်အသွေးတွေကို အကောင်းဆုံးအသုံးချနိုင်မယ့်အခွင့်အရေးလည်း ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး၊ အနောက်လန်ဒန်အရပ်မှ ကူကူရယ်လာထွက်ခွာမယ်ဆိုရင် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် ဂျူဗင်တပ်စ်ကြယ်ပွင့်ကမ်ဘီယာဆိုကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Sport Italia သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးက ကမ်ဘီယာဆိုကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ၊ အင်တာမီလန်တို့နဲ့အတူ အပြိုင်အဆိုင်ဖြစ်လာတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် ဘယ်အစွန်ခံစစ်နေရာမှာ ကစားတဲ့ ဒီအီတလီလက်ရွေးစင်က ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးပါဝင်ပတ်သက်မှု ရှစ်ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ကမ်ဘီယာဆိုက တူရင်မြေမှာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ချဲလ်ဆီးက ၂၀၂၂ ခုနှစ်၊ ဘရိုက်တန်ဆီမှ ကူကူရယ်လာကို ဝယ်ယူစဉ် ပေးချေခဲ့ရတဲ့ ပေါင် ၅၆ သန်းကို ပြန်လည်ရရှိဖို့ မျှော်လင့်နေလို့ အသက်-၂၆ နှစ်အရွယ်ကစားသမားရဲ့ပြောင်းရွှေ့ကြေးက သူတို့ရဲ့ဘတ်ဂျက်ပမာဏအတွင်းမှာပဲ ရှိနေပါလိမ့်မယ်။