The network connection is lost.

Banner Image

လေ့ကျင့်ရေးနောက်ကျလို့ ဒါဘီပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူအာနိုးလ်က တနင်္ဂနွေညပိုင်း၊ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ် ဓါတ်ပုံတွေ တင်ခဲ့ပါတယ်။

Marca ရဲ့အဆိုအရ လီဗာပူးလ်နောက်ခံလူဟောင်းထရန့်က ပြီးခဲ့တဲ့သီတင်းပတ်လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို နောက်ကျပြီးမှ ရောက်ရှိလာခဲ့လို့ နည်းပြအာဘီလိုအာက သူ့ကို ဘာနေဗျူးကွင်းမက်ဒရစ်ဒါဘီပွဲစဉ်မှာ အရန်ခုံထိုင်ခိုင်းပြီး အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့နေရာမှာ အသင်းခေါင်းဆောင်ကာဗာဂျယ်လ်က ဝင်ရောက်ကစားခဲ့ပေမဲ့ အာနိုးလ်ကတော့ ပွဲကစားချိန် ၆၄ မိနစ်မှာ လူစားလဲပါဝင်ကစားခဲ့ပါတယ်။ အင်္ဂလန်သားက မိနစ်ပိုင်းအကြာမှာပဲ ဗီနီစီးယက်စ်ရဲ့အနိုင်ဂိုးရရှိစေဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာနိုးလ်က လူမှုကွန်ရက်ပေါ်မှာ စာတင်လာပါတယ်။ ကျောနံပါတ် ၁၂ ဝတ်ဆင်တဲ့သူက ဓာတ်ပုံအတွဲလိုက်နဲ့အတူ "မက်ဒရစ်ကလွဲရင် တခြားဘာမှ မလိုဘူး" လို့ ရေးသားခဲ့ပြီး အဲဒီပို့စ်အောက်မှာ ဗင်နီစီးယက်စ်ကိုယ်တိုင် ဝင်ရောက်တုံ့ပြန်ခဲ့ပါတယ်။

ဘရာဇီးသားက "ဒါမှ ငါ့လူကြီး Tကွ" လို့ ပြန်လည်ရေးသားခဲ့ပါတယ်။