The network connection is lost.

Banner Image

တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဆီဗီလာအသင်း နည်းပြ မာတီယာ့စ် အယ်လ်မေဒါကို ရာထူးမှ ထုတ်ပယ်

ယူရိုပါလိဂ်ဖလားကို ၇ ကြိမ်အထိ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဆီဗီလာအသင်းဟာ လက်ရှိမှာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရုန်းကန်နေရတာကြောင့် သူတို့ရဲ့နည်းပြဖြစ်သူ မာတီယာ့စ် အယ်လ်မေဒါကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

တန်းဆင်းဇုန်နဲ့ ၃ မှတ်သာ ကွာဝေးတော့တဲ့ အန်ဒါလူရှန်ကလပ် ဆီဗီလာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟောင်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်အတိုတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

"မာတီယာ့စ် အယ်လ်မေဒါကို ဆီဗီလာအသင်းရဲ့ ပထမအသင်း နည်းပြချုပ်တာဝန်ကနေ ရပ်စဲလိုက်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် "ဆီဗီလာအသင်းအနေနဲ့ မာတီယာ့စ် အယ်လ်မေဒါနဲ့ သူရဲ့အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး နောင်အနာဂတ်မှာလည်း အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပါတယ်" လို့လည်း ဆိုပါတယ်။

အခုလာမယ့် ၂ ပတ်ကြာ နိုင်ငံတကာပွဲစဉ်တွေအတွက် အနားယူချိန်မတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ အစားထိုးမယ့်နည်းပြသစ် ဒါမှမဟုတ် ယာယီနည်းပြနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းပြောကြားထားခြင်း မရှိပါဘူး။

၂၀၁၁ ခုနှစ်မှာ ရေးဗားပလိတ်အသင်းနဲ့အတူ နည်းပြဘဝကို စတင်ခဲ့တဲ့ အယ်လ်မေဒါဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အေအီးကေ အေသင်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ဆီဗီလာအသင်းနဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။