The network connection is lost.

Banner Image

ရူဒီဂါအတွက်ဆိုရင် စာချုပ်သစ်တင်မက ရုပ်တုထုပေးဖို့တောင် ထိုက်တန်လွန်းနေပြီလို့ အာဘီလိုအာချီးကျူး

ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက အသင်းအတွက်လုပ်ဆောင်ပေးခဲ့မှုတွေကြောင့် ရူဒီဂါကို ဂုဏ်ပြုမှုအဖြစ် ရုပ်တုတစ်ခုလောက် ထုလုပ်ပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရူဒီဂါက စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာချိန် အခုလိုမျိုး ရီးရဲလ်မက်ဒရစ်နည်းပြရဲ့အထူးချီးကျူးမှုကို ရရှိခဲ့ပါတယ်။

အာဘီလိုအာက “ဒီလိုစာချုပ်ရေးရာကိစ္စတွေထဲမှာ ကျွန်တော် ဝင်ပြီး မစွက်ဖက်ချင်ပါဘူး။ အသင်းရော၊ ကစားသမားကိုပါ ကျွန်တော်က အများကြီး လေးစားသလို နှစ်ဖက်လုံးလည်း အပြန်အလှန်နားလည်မှုရှိကြဖို့ လိုအပ်ပါတယ်” လို့ အစပျိုးပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူက “ကျွန်တော့်ရဲ ခြံဝင်းထဲမှာတောင် ရူဒီဂါရဲ့ရုပ်တုကို ထားဖို့ အဆင်သင့်ပါပဲ။ သူက ပထမဆုံးနေ့ကတည်းက နည်းပြအဖွဲ့ဝင်တွေအတွက် အမြဲတမ်းအဆင်သင့်ရှိနေပေးခဲ့ပါတယ်။

အခြေအနေတွေ ခက်ခဲနေချိန် မတ်လလောက်မှာ သူ အဆင်သင့်ရှိနေမယ်လို့ ကျွန်တော့်ကို ပြောခဲ့ဖူးသလို အခုလည်း သူ ရှိနေပေးတာပါပဲ။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် သူ့လို ကစားသမားမျိုး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်ဆိုတာ ဘယ်လောက်တောင် ကံကောင်းလဲဆိုတာ သိဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။