The network connection is lost.

Banner Image

ဒဏ်ရာကြောင့် အီတလီအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ဖို့ မသေမချာဖြစ်လာတဲ့ ရိုးမားနောက်ခံလူမန်ချီနီ

ရိုးမားအသင်းနောက်ခံလူမန်ချီနီက ဒဏ်ရာပြဿနာကြောင့် အီတလီအသင်းရဲ့ ကမ္ဘာ့ဖလား Play-off ခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေပါတယ်။

အသက် ၂၉ နှစ်အရွယ်ခံစစ်မှူးက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လက်ချီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပေါင်ခြံကြွက်သားဒဏ်ရာရရှိခဲ့လို့ ပွဲချိန်ထက်ဝက်မှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။

TMW သတင်းဌာနရဲ့ဖော်ပြချက်အရ မြောက်အိုင်ယာလန်နဲ့ ရင်ဆိုင်ရမယ့် ဗွေဆော်ဦးကမ္ဘာ့ဖလား Play-off ခြေစစ်ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ အီတလီအသင်းမှာ မန်ချီနီပါဝင်ဖို့ အခွင့်အလမ်း နည်းပါးနေတယ်လို့ သိရပါတယ်။

အခုလိုဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရပေမဲ့လည်း မန်ချီနီက နည်းပြ ဂတ်တူဆိုရဲ့ အသင်းနဲ့အတူလိုက်ပါသွားဖို့ ရှိနေပြီး ပွဲကစားနိုင်ဖို့လည်း မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချီနီက သူရဲ့ဒဏ်ရာအခြေအနေ ဘယ်လောက်ပြင်းထန်သလဲဆိုတာကို သိရှိနိုင်ဖို့အတွက် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။