The network connection is lost.

Banner Image

နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာဟာ ပထမပိုင်းအပြီး အနားယူချိန်မှာ ဆွေးနွေးမှုတွေကြောင့်ဖြစ်တယ်လို့ ဆန်းဒါးလန်းအသင်းခေါင်းဆောင် ဇာခါ ဆို

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းခိုင်မာမှုကို ဆန်းဒါးလန်းအသင်းခေါင်းဆောင် ဂရာနစ်ဇာခါက ချီးကျူးစကားဆိုခဲ့ပါတယ်။ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ဆန်းဒါးလန်းအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ ဘရိုင်ယန်ဘရော့ဘီက မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာ ဇာခါက "ဒီလိုပွဲမျိုးတွေ ကစားဖို့ဆိုရင် ကိုယ်ပိုင်ဟန်နဲ့ စရိုက်လက္ခဏာရှိဖို့ လိုပါတယ်။ ဒီကွင်းမှာ ကစားရတာ မလွယ်ပါဘူး။ ဒီကိုလာပြီး ရမှတ်တစ်ခုခု ဒါမှမဟုတ် နိုင်ပွဲရအောင်ယူဖို့က ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ ပွဲမစခင်ကတည်းက ကျွန်တော်တို့ သိထားပါတယ်။ တစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင် ဒီနိုင်ပွဲ (၃ မှတ်) နဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ပွဲအစပိုင်းမှာတော့ ကျွန်တော်တို့ နည်းလမ်းမရှာနိုင်ခဲ့ပါဘူး။ ဒါဟာ ဘောလုံးပွဲရဲ့ သဘာဝဖြစ်သလို ကျွန်တော်တို့ ခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပထမပိုင်းအနားယူချိန်မှာ အချို့အချက်တွေကို ဆွေးနွေးခဲ့ကြပြီး ပြောင်းလဲမှုတွေလုပ်ခဲ့လို့ ဒုတိယပိုင်းဟာ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

ဒီနိုင်ပွဲက ဆန်းဒါးလန်းအသင်းအတွက် ဘာကိုဖော်ပြသလဲဆိုတဲ့အပေါ် ဇာခါက "ကျွန်တော်တို့ အဆင့်အတန်းတစ်ခုကို ထပ်မြှင့်ဖို့ လိုပါတယ်။ ကစားသမားတချို့ဆိုရင် ပွဲကစားခွင့် သိပ်မရထားကြပါဘူး။ ကျွန်တော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ စည်းလုံးကြတာပါ၊ ပွဲထွက် ၁၁ ယောက်တည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီနေ့နိုင်ပွဲဟာ တစ်သင်းလုံးအတွက် ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခုပါ။ သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပြီးနောက်မှာ ဒီနေ့ရတဲ့ ၃ မှတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အခုတော့ နိုင်ငံတကာပွဲစဉ်တွေအတွက် သွားကြရမှာဖြစ်ပြီး ပြန်လာတဲ့အခါမှာတော့ ရာသီပိတ်ပွဲစဉ်တွေအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။