The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ဆန်းဒါးလန်းကစားသမားတွေကို လီဘရစ် သတိပေး

ဒီနေ့ကစားမယ့် နယူးကာဆယ်နဲ့ ဒါဘီပွဲစဉ်မှာ "စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့" က အဓိကသော့ချက်ဖြစ်တယ်လို့ ဆန်းဒါးလန်းနည်းပြ ရေဂစ် လီဘရစ်က ပြောကြားလိုက်ပါတယ်။ ဆန်းဒါးလန်းအသင်းဟာ ဒီနေ့ အစောဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး အကယ်၍ အနိုင်ရခဲ့ရင် ပရီမီယာလိဂ်အမှတ်ပေးဇယားမှာ မြောက်ဘက်ဒေသပြိုင်ဘက် နယူးကာဆယ်ရဲ့အထက်ကို ကျော်တက်သွားနိုင်မှာ ဖြစ်ပါတယ်။

"ဒါဘီပွဲတွေက အမြဲတမ်း တခြားပွဲတွေနဲ့မတူဘဲ ထူးခြားမှုရှိပါတယ်၊ ဒါက အရာအားလုံးကို တွန်းအားပေးပါတယ်။ ကစားသမားတွေရဲ့ အသေးစိတ်အချက်အလက်အားလုံးကို တိုးတက်အောင် လုပ်ချင်လာတယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ကာလဖြစ်သလို အခုလိုပွဲမျိုးတွေမှာလည်း ပါဝင်ဆင်နွှဲချင်ကြတာပါပဲ။ ဂိမ်းအခြေအနေကို ထိန်းကျောင်းနိုင်တဲ့ ကစားသမားတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဘယ်အချိန်မှာ တိုက်စစ်ဆင်ရမလဲ၊ ဘယ်အချိန်မှာ ကစားကွက်ကို အနှေးအမြန် လုပ်ရမလဲဆိုတာ သူတို့ သိကြပါတယ်။ အနိုင်ရလိုစိတ်နဲ့ ပြင်းပြတဲ့ဆန္ဒတွေက ရှိနေတာပဲ။ ဒါပေမဲ့ ကစားသမားတွေကို အရမ်းကြီး ဖိအားပေးလိုက်ရင် သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပိတ်ပင်သလို ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ပွဲကို ပုံမှန်အတိုင်း ကစားနိုင်ဖို့က အရေးကြီးပါတယ်" လို့ လီဘရစ်က ဆိုပါတယ်။

သူက ဆက်လက်ပြီး "ဒါဟာ စိတ်ခံစားချက်နဲ့ အထိန်းအကွပ်အကြောင်းပါ။ စိတ်လှုပ်ရှားမှုတွေ အရမ်းများလာရင် အဲဒါက ကိုယ့်စိတ်ကို ပြန်စိုးမိုးသွားနိုင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရပါမယ်။ ကျွန်တော်တို့က ပွဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကစားချင်ပေမဲ့ ထိန်းထိန်းသိမ်းသိမ်းလည်း ရှိချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပလေးအော့ဖ်ပွဲစဉ်တွေတုန်းကလည်း ပွဲအပေါ်မှာပဲ အမြဲတမ်းအာရုံစိုက်ထားနိုင်ဖို့က အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခြေခံကောင်းတွေနဲ့ ကစားကွက်ပုံစံတွေ ရှိပြီးသားပါ။ ဒါပေမဲ့ မျှော်လင့်ချက်တွေကိုတော့ ထိန်းညှိတတ်ဖို့ လိုပါတယ်။ အဆင်သင့်ဖြစ်နေဖို့ စိတ်ထဲမှာ နေရာလွတ်တစ်ခု ထားရှိရပါမယ်။ အာရုံတွေ အရမ်းများနေရင်တော့ (ဖိအားတွေ များနေရင်တော့) ထိန်းချုပ်ဖို့ ပိုခက်ခဲသွားပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။