The network connection is lost.

Banner Image

အသင်းပိုင်ရှင်တွေကိုဆန့်ကျင်မယ့် ဆန္ဒပြပွဲစီစဉ်ပြီး စည်းလုံးညီညွတ်မှုပြသခဲ့တဲ့ ချဲလ်ဆီးနဲ့ စထရာဘော့ပရိသတ်များ

ချဲလ်ဆီးနဲ့ စထရာဘော့အသင်းပရိသတ်တွေက သူတို့အသင်းတွေကို ပူးတွဲပိုင်ဆိုင်ထားတဲ့ BlueCo ကို ဆန့်ကျင်မယ့် ဆန္ဒပြပွဲတစ်ခုကို စီစဉ်ခဲ့ကြပါတယ်။

ဒီကလပ်အသင်းတွေရဲ့လတ်တလောအခြေအနေတွေကို မကျေမနပ်ဖြစ်နေတဲ့ ချဲလ်ဆီးနဲ့ စထရာဘော့ပရိသတ်တွေက စည်းညီညွှတ်စွာဖြင့် သူတို့ရဲ့အမြင်တွေကို BlueCo ဆီပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

The Telegraph ရဲ့အဆိုအရ ချဲလ်ဆီးအားပေးသူဆန္ဒပြအဖွဲ့အစည်းဖြစ်တဲ့ NotAProjectCFC က စထရာဘော့ပရိသတ်အဖွဲ့အစည်းကြီးလေးခုနဲ့ လက်တွဲကာ ပူးတွဲဆန္ဒပြပွဲတစ်ခု ပြုလုပ်မယ်လို့ အတည်ပြုခဲ့ပါတယ်။

စထရာဘော့ပရိသတ်တွေကိုယ်တိုင်လည်း မတ်လနိုင်ငံတကာသီတင်းပတ်အပြီး မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ချဲလ်ဆီးရဲ့ပွဲစဉ်အတွက် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်လာလိမ့်မယ်လို့ သိရပါတယ်။

Ultra Boys 90၊ Kop Ciel et Blanc၊ Federation des Supporters du RCS နဲ့ Pariser တို့ရဲ့အဖွဲ့ဝင်တွေက ပြင်သစ်မှ လန်ဒန်ဆီ ခရီးသွားလာခွင့်ရရှိရန် မျှော်လင့်နေကြပါတယ်။