The network connection is lost.

Banner Image

နာဂယ်စ်မန်းရဲ့ ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှာ အယ်လ်မာလ မပါဝင်ဘူးဆိုတဲ့ သတင်းထွက်ပေါ်လာ

မနက်ဖြန်မှာထုတ်ပြန်မယ့် ဂျာမနီလက်ရွေးစင်အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီး Sky Germany သတင်းထောက် ဖလော်ရီယန်ပလက်တင်ဘာ့ဂ်က တင်ဆက်လာခဲ့ပါတယ်။

ဂျာမနီနည်းပြနာဂယ်စ်မန်းရဲ့လူစာရင်းမထုတ်ပြန်မီ ထွက်ပေါ်လာတဲ့ နောက်ထပ်အံ့အားသင့်စရာတစ်အခုအဖြစ် ကိုလုံးလူငယ်ကစားသမားအယ်လ်မာလကို ဒီတစ်ကြိမ်၊ စီနီယာလက်ရွေးစင်အသင်းဆီ ခေါ်ယူဖို့ မရှိသေးဘူးလို့ Sky Germany မှ ဖော်ပြပါတယ်။

စီနီယာအသင်းအစား အယ်လ်မာလက မြောက်အိုင်ယာလန်၊ ဂရိတို့နဲ့ ကစားရမယ့် ယူရိုခြေစစ်ပွဲစဉ်တွေအတွက် ဂျာမနီ ယူ-၂၁ အသင်းမှာ ဘိုင်ယန်မြူးနစ်လူငယ်ကြယ်ပွင့် တွမ်ဘစ်ရှော့ဖ်နဲ့အတူ ရွေးချယ်ခံရပါတယ်။

ဒီအချက်အလက်တွေကိုတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး နိုင်ငံတကာသီတင်းပတ်အတွက် နည်းပြနာဂယ်စ်မန်းထုတ်ပြန်လာမယ့် လူစာရင်းပိုင်းက အတည်ပြုပေးသွားပါလိမ့်မယ်။