ဂွန်ဇာလက်ဇ်ကို ရောင်းထုတ်ဖို့အဆင်သင့်ဖြစ်နေလို့ ဝယ်ယူ ရှာဖွေနေတဲ့ မန်စီးတီး
နီကိုဂွန်ဇာလက်ဇ်ဟာ ဒီနွေရာသီမှာ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စပိန်လူမျိုးကစားသမား ဂွန်ဇာလက်ဇ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ စီးတီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ Radio Marca က ဖော်ပြထားပါတယ်။ မန်စီးတီးရဲ့ အားကစားဒါရိုက်တာ ဟူဂိုဗီယာနာကလည်း ဂွန်ဇာလက်ဇ်အတွက် လာရောက်ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ အသင့်ရှိနေတာပါ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂွန်ဇာလက်ဇ်ကို ရောင်းချပြီး ယူရို သန်း ၆၀ လောက်အထိ ရရှိဖို့ စီးတီးအသင်းက မျှော်လင့်ထားပါတယ်။ဂွန်ဇာလက်ဇ်ဟာ ဒီရာသီမှာ လိဂ်ပွဲစဉ် ၂၁ ပွဲ ကစားပေးထားပြီး ၁၅ ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ကာ ၁ ဂိုး သွင်းယူပေးထားပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းကတော့ ၂၀၂၉ ခုနှစ်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။