The network connection is lost.

Banner Image

နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့လို့ စိတ်ပျက်မိကြောင်းပြောကြားလာတဲ့ ချာလိုဘတ်

ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရှုံးကို ရှောင်လွှဲနိုင်ဖို့အတွက် အခွင့်အရေးတွေ အလုံအလောက် ဖန်တီးနိုင်ခဲ့တယ်လို့ ချယ်လ်ဆီးနောက်ခံလူ ထရီဗိုချာလိုဘတ်က ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အန်သိုနီဂေါ်ဒွန်ရဲ့ ပထမပိုင်း သွင်းဂိုးတစ်ဂိုးတည်းနဲ့တင် ဧည့်သည်အသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

"ဒီပွဲက အဆုံးသတ်ပိုင်းမှာ ကျွန်တော်တို့ ဖြစ်ချင်သလို ဖြစ်မလာခဲ့တဲ့ ပွဲမျိုးတွေထဲက တစ်ပွဲပါပဲ" လို့ ပွဲအပြီးမှာ ချာလိုဘတ်က ဆိုပါတယ်။

"ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို သူတို့ရဲ့ဘက်ခြမ်းမှာပဲ အချိန်တော်တော်များများ ကစားနိုင်ခဲ့တာပါ။ အမှန်အတိုင်း ပြောရရင် နယူးကာဆယ်ကလည်း အနောက်ဆုတ်ပြီး အကောင်းဆုံး ခံစစ်ကစားသွားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဂိုးရှေ့မှာ အဆုံးသတ်သေချာဖို့ပဲ လိုအပ်ခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

"အကြောင်းအရာတွေ အများကြီး ပေါင်းဆုံသွားလို့လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေရယ်၊ နယူးကာဆယ်က ခံစစ်အနိမ့်မှာ ကောင်းကောင်းပိတ်ဆို့ ကစားသွားတာတွေရယ်ကြောင့်ပါ။ ပြီးတော့ သူတို့က ရလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ် အပိုင်ပြောင်းလဲနိုင်ခဲ့လို့ အခုလို အနိုင်ရသွားတာပါ"

"ဘောလုံးလောကမှာ ဒါမျိုးတွေက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ အသေးအမွှား အမှားအယွင်းလေးတွေကပဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားတာပါ။ အခုတော့ ကျွန်တော်တို့ စိတ်ဓာတ်ပြန်လည်မြှင့်တင်ပြီး ရှေ့ဆက်သွားဖို့ပဲ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့မှာ ကစားရမယ့် ပွဲကြီးပွဲကောင်းတွေ အများကြီး ရှိနေသေးလို့ပါ" လို့ ချာလိုဘတ်က ပြောကြားခဲ့ပါတယ်။