The network connection is lost.

Banner Image

ဒမ်ဘီလီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မန်စီးတီးဒါရိုက်တာ ဗီယာနာ

PSG အသင်းရဲ့ ကြယ်ပွင့်ကစားသမား အူစမန် ဒမ်ဘီလီရဲ့ အေးဂျင့်ကို မန်စီးတီးအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဟူဂို ဗီယာနာနဲ့အတူ တွေ့ရှိခဲ့ရပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဘော်လွန်ဒီအောဆုရှင်ရဲ့ အေးဂျင့်ဖြစ်သူ မူဆာ စစ်ဆိုကိုဟာ မက်ဒရစ်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်ခုမှာ ဗီယာနာနဲ့ တွေ့ဆုံနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဗီယာနာဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဒီအပတ်ထဲမှာ စပိန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီလို ရောက်ရှိနေတုန်းမှာပဲ ပေါ်တူဂီလူမျိုး ဒါရိုက်တာ ဗီယာနာဟာ စစ်ဆိုကိုနဲ့ မက်ဒရစ်ဟိုတယ်မှာ စကားပြောနေတာကို ဓာတ်ပုံရိုက်မိခဲ့တာပါ။

ဒမ်ဘီလီဟာ လက်ရှိ PSG အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိနေသေးပေမဲ့ စာချုပ်သစ်တိုးမြှင့်ဖို့ ဆွေးနွေးမှုတွေကတော့ လက်ရှိမှာ ရပ်တန့်နေပါတယ်။

စပိန်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဗီယာနာနဲ့ စစ်ဆိုကိုတို့ရဲ့ တွေ့ဆုံမှုဟာ တရားဝင် စီစဉ်ထားတဲ့ တွေ့ဆုံမှုမျိုး မဟုတ်ပေမဲ့ မန်စီးတီးဒါရိုက်တာကတော့ ရာသီကုန်ခါနီးမှာ အပြောင်းအရွှေ့အတွက် အလေးအနက် ဆွေးနွေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။