The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့ ယူနိုက်တက် ပစ်မှတ် ၅ ဦးအထိ လျာထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီး ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။

အဆိုပါသတင်းရင်းမြစ်ရဲ့ အဆိုအရ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားအတော်များများကိုလည်း ယူနိုက်တက်က ရှာဖွေထားတယ်လို့ သိရပါတယ်။ အင်္ဂလန်ကလပ်ကြီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ဘရက်ဒ်လေ ဘာကိုလာ (Bradley Barcola)၊ ယန် ဒီယိုမွန်ဒီ (Yan Diomande)၊ ဂျေးဆပ်စ် ရိုဒရီဂွက်ဇ် (Jesús Rodríguez)၊ အီလီမန် အန်ဒီယာယေး (Iliman Ndiaye) နဲ့ မာရှယ် ဂိုဒို (Martial Godo) တို့ ပါဝင်နေတာပါ။

ဒီကစားသမားတွေဟာ ပီအက်စ်ဂျီ၊ အာဘီလိုက်ပ်ဇစ်၊ ကိုမို၊ အဲဗာတန်နဲ့ စထရာဘိုး အသင်းတွေမှာ အသီးသီး ကစားနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားထိပ်တန်းအသင်းကြီးတွေကပါ အပြိုင်အဆိုင် စောင့်ကြည့်နေကြတဲ့ ဘာကိုလာနဲ့ ဒီယိုမွန်ဒီတို့ကို ခေါ်ယူဖို့ကတော့ အခက်ခဲဆုံး ဖြစ်လာနိုင်ပါတယ်။