The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အေစီမီလန်ကွင်းလယ်လူ မိုဒရစ် ပြန်လည်တုံ့ပြန်

အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ လူကာမိုဒရစ်က ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရရှိပြီးနောက်၊ ဒီနွေရာသီမှာ ရီးရဲလ်ကို ပြန်သွားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး မိုဒရစ်က တိုက်ရိုက် တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်နည်းပြ အယ်လီဂရီကို ရီးရဲလ်မက်ဒရစ်က အလိုရှိနေပြီး၊ အယ်လီဂရီကလည်း မိုဒရစ်ကို သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ချင်တယ်လို့ ကြားခံလူတွေကတစ်ဆင့် အသိပေးထားကြောင်း သတင်းများ ထွက်ပေါ်နေခဲ့တာပါ။

ဒါပေမဲ့ ရီးရဲလ်ကစားသမားဟောင်းကြီး မိုဒရစ်ကတော့ "ကျွန်တော်နဲ့ အယ်လီဂရီ ရီးရဲလ်ကို သွားမယ်ဆိုတာလား? ကောလာဟလတွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ၊ ဒါပေမဲ့ ကျွန်တော် ဒါကို စိတ်မဝင်စားပါဘူး။ မီလန်မှာပဲ ကျွန်တော် အရမ်းပျော်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

နည်းပြအယ်လီဂရီကလည်း မီလန်ကနေ ထွက်ခွာမယ့်ကိစ္စကို အလားတူ ငြင်းဆိုထားပါတယ်။

၎င်းက "ကျွန်တော် မီလန်မှာ ပျော်နေသလို ၂၀၂၇ အထိလည်း စာချုပ်ရှိနေပါတယ်" လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။