The network connection is lost.

Banner Image

ဂီတာဖေးဥက္ကဋ္ဌ တောရက်စ်က ဘော်ဒါလပ်စ်နဲ့ အူချီတို့ရဲ့ အနာဂတ်အကြောင်း ပြောကြား

ဂီတာဖေးအသင်းဥက္ကဋ္ဌ အန်ဂျယ်တောရက်စ်က ခရစ္စတန်တပ်စ် အူချီကို ခရစ္စတယ်ပဲလေ့စ်အသင်းဆီကနေ ပြန်လည်ကြိုဆိုဖို့ အသင့်ရှိနေကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။ အူချီဟာ ဒီရာသီမှာ ပဲလေ့စ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ပဲလေ့စ်ဘက်က သူ့ကို အပြီးသတ်ခေါ်ယူဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။

တောရက်စ်က "သူ့ကိုခေါ်ချင်တဲ့ ကလပ်အသင်းတွေက ပရီးမီးယားလိဂ်မဟုတ်ဘဲ တခြားနိုင်ငံတွေကနေလည်း ရှိနေတာကြောင့် သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူ အသင်းကို ပြန်လာလို့ရပါတယ်၊ သူ့မှာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်။ တကယ်လို့ သူ့ကို တခြားအသင်းဆီ မရောင်းဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဆီ ပြန်လာမှာကို ဝမ်းသာအားရ ကြိုဆိုသွားမှာပါ" လို့ ပြောပါတယ်။

နည်းပြ ဟိုဆေးဘော်ဒါလပ်စ်နဲ့ ပတ်သက်ပြီးတော့လည်း ဥက္ကဋ္ဌက "ကျွန်တော် ဖြစ်ချင်တာတွေ အများကြီးရှိပေမဲ့ အသင်းအတွက်ပဲ အဓိကထားပြီး လုပ်ဆောင်ရပါမယ်။ သူ့ကို ကျွန်တော်ကိုယ်တိုင် ခေါ်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့ဆီမှာလည်း နှစ်အတော်ကြာ ရှိနေခဲ့ပါပြီ။ သူ ဆက်နေမှာလား၊ မနေဘူးလားဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်" လို့ ဆိုပါတယ်။

"သူ ဆက်ရှိနေမယ်ဆိုရင်တော့ ကျွန်တော့်အတွက် ဝမ်းသာစရာပါပဲ၊ ဒါဆိုရင် တခြားသူကို လိုက်ရှာနေစရာ မလိုတော့ဘူးလေ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။