The network connection is lost.

Banner Image

ရာသီကုန်မှာ ဒေါ့မွန်မှထွက်ခွာမယ်လို့ ဘရန့်အတည်ပြု

ကွင်းလယ်ဖန်တီးရှင် ဂျူလီယန် ဘရန့်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒေါ့မွန်အသင်းက အတည်ပြုလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ပွဲထွက်ခွင့် ပုံမှန်မရဘဲ အဝင်အထွက် ဖြစ်နေခဲ့ပါတယ်။ သူဟာ ဘွန်ဒက်လီဂါပွဲစဉ် ၂၀ ကစားထားရာမှာ ၁၃ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၆ ဂိုးသွင်းကာ ၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းက အသင့်အတင့် ကောင်းမွန်နေပေမဲ့လည်း ဘရန့်ရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ အဲဒီအချိန်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒေါ့မွန်အားကစားဒါရိုက်တာ လားစ်ရစ်ကန်က အတည်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ စာချုပ်သစ်အတွက် သဘောတူညီမှု မရခဲ့ကြပါဘူး" လို့ ပြီးခဲ့တဲ့ စနေနေ့ (မတ်လ ၇ ရက်) က ကိုလုံးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်အပြီးမှာ လားစ်ရစ်ကန်က Sky Sport ကို ပြောကြားခဲ့ပါတယ်။