The network connection is lost.

Banner Image

ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဒေါ့မွန်အသင်းခေါင်းဆောင် အမ်မရီချန်

ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ဒေါ့မွန်အသင်းခေါင်းဆောင်ရဲ့အခုဘောလုံးရာသီက စိတ်မကောင်းစရာ စောစောစီးစီး အဆုံးသတ်သွားခဲ့ပါပြီ။

ဝက်ဖ်ဖေးလီယားဒေသအခြေစိုက်ကလပ်အသင်းဘက်မှလည်း အမ်မရီချန်ကို အချိန်အတော်ကြာ လက်လွှတ်လိုက်ရတော့မယ်လို့ ယမန်နေ့မွန်းလွဲပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ ဒေါ့မွန်အသင်းခေါင်းဆောင်က စနေညပိုင်း၊ ဘိုင်ယန်မြူးနစ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ရရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့် ပြန်လည်သက်သာလာဖို့ ရှစ်လကနေ တစ်နှစ်အထိ အချိန်ယူရလေ့ရှိတဲ့ ဒီဒဏ်ရာရဲ့ ပြင်းထန်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမ်မရီချန်က ကွင်းတွင်းဖြစ်ရပ်တွေနဲ့ အချိန်အတန်ကြာ ဝေးကွာနေရပါလိမ့်မယ်။

ဒေါ့မွန်အားကစားဒါရိုက်တာဆီဘက်စတီယန်ခါးလ်က "အမ်မရီချန်ရဲ့ဒဏ်ရာက သူ့အတွက်တင်မကဘဲ ကျွန်တော်တို့အားလုံးအတွက်လည်း တကယ်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အသင်းကို အမြဲတမ်းဦးစားပေးတတ်ပြီး ကလပ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် "အပြည့်အဝပြန်လည်ကောင်းမွန်လာနိုင်ဖို့အတွက် လာမယ့်လတွေမှာ လိုအပ်တဲ့အားပေးကူညီမှုတွေအားလုံးကို အမ်မရီချန် ရရှိပါလိမ့်မယ်" လို့လည်း ၎င်းက ဆိုပါတယ်။