The network connection is lost.

Banner Image

နိုင်ပွဲရရှိဖို့အတွက် လိုက်ပ်ဇစ်မှာ ပြတ်သားတဲ့ စိတ်ဓာတ်မျိုးလိုအပ်နေတယ်လို့ ဒေးဗစ်ရောင်မ် စိတ်ပျက်လက်ပျက်ပြော

လိုက်ပ်ဇစ်နောက်ခံလူဒေးဗစ်ရောင်မ်က ဒေါ့မွန်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ်ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက် သူ့ရဲ့စိတ်ပျက်နေမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ သူက အဆုံးအဖြတ်အခိုက်အတန့်တွေမှာ လိုက်ပ်ဇစ်ရဲ့စိတ်ဓါတ်ပိုင်းနဲ့ အတွေ့အကြုံအားနည်းနေမှုကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

ဒေးဗစ်ရောင်မ်က ဒေါ့မွန်နဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ်ချေပဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ပွဲစဉ်တိုင်းမှာ အနိုင်ရလဒ်ဖြင့်မပိတ်သိမ်းနိုင်ဘဲ အကြိမ်ကြိမ်ကျရှုံးနေမှုအပေါ် အလွန်အမင်းစိတ်ပျက်မိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

"ပွဲပြီးခါနီးမှာ အခုလိုမျိုး အနိုင်သုံးမှတ်ထပ်မံလက်လွှတ်လိုက်ရမှုပေါ် တကယ်ကို စိတ်ပျက်မိသလို ဒေါသလည်း ထွက်မိပါတယ်" လို့ ပွဲအပြီးမှာ ရောင်မ်က ဆိုပါတယ်။

လိုက်ပ်ဇစ်ဟာ ပွဲစဉ်တစ်လျှောက်လုံး ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးတွေလည်း ရရှိထားခဲ့ပေမဲ့ နောက်ဆုံးမိနစ်တွေမှာတော့ အခုလိုအသာစီးရရှိမှုကို မထိန်းထားနိုင်ခဲ့ပါဘူး။ ဒါဟာ ပိုမိုနက်ရှိုင်းတဲ့ ပြဿနာတစ်ခုကို ဖော်ပြနေတယ်လို့ ရောင်မ်က ယုံကြည်နေပါတယ်။

"အသာစီးရနေပြီး ပိုကောင်းနေတဲ့အချိန်မှာ အခုလိုအမှတ်တွေဆုံးရှုံးတာ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အခုလိုပွဲမျိုးကို အနိုင်နဲ့အဆုံးသတ်ဖို့အတွက် အတွေ့အကြုံရော၊ ပြတ်သားတဲ့စိတ်ဓာတ်မျိုးရော ကျွန်တော်တို့မှာ လိုအပ်နေပါသေးတယ်။ ကျွန်တော် တကယ်ကို ဒေါသထွက်မိတယ်" လို့ သူက ပြောပါတယ်။

အရေးအကြီးဆုံးအခိုက်အတန့်တွေမှာ တိုက်စစ်ဆင်ဖို့ထက် ရလဒ်ကိုအမိအရဆုပ်ကိုင်နိုင်ဖို့ကို လိုက်ပ်ဇစ်တို့ ဦးစားပေးသင်ယူရမယ်လို့ ရောင်မ်က အလေးပေးပြောဆိုခဲ့ပါတယ်။

"ပွဲကို ပြန်သုံးသပ်ဖို့ လိုအပ်သလို အဆုံးသတ်မှာတော့ ကျွန်တော်တို့မှာ နိုင်ချင်စိတ်ပိုရှိဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့အတ္တတွေကို ဘေးဖယ်ထားပြီး ဂိုးတွေထပ်သွင်းဖို့ ကြိုးစားနေတာထက် ရလဒ်ကို အပြီးသတ်ထိန်းထားနိုင်ဖို့ လိုပါတယ်။ အဲဒီအပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရပါလိမ့်မယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း အသေးစိတ် ဝေဖန်တာမျိုး မလုပ်ခဲ့ပေမဲ့ အနည်းငယ်စိတ်ပျက်မိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ဒီနေ့၊ ဒိုင်လူကြီးတွေရဲ့စွမ်းဆောင်ရည်က သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကို အခုထက်ပိုပြီး အများကြီးမပြောချင်တော့ပါဘူး" လို့ ရောင်မ်က ဆိုပါတယ်။

ရောင်မ်ရဲ့ခံစားချက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေက အနိုင်သုံးမှတ်အပြည့်လက်လွှတ်လိုက်ရတဲ့ လိုက်ပ်ဇစ်ကစားသမားတွေရဲ့ စိတ်ပျက်မှုကို ထင်ဟပ်နေပြီး ထိပ်တန်းပြိုင်ပွဲတွေမှာ အမြဲတမ်းပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဘယ်လိုပြောင်းလဲရမလဲဆိုတာ မီးမောင်းထိုးပြသခဲ့ပါတယ်။