The network connection is lost.

Banner Image

မာဆေးလ်မှထုတ်ပယ်ခံရပြီးနောက် တော့တင်ဟမ်နဲ့ချိတ်ဆက်ဖွယ်ရှိနေတဲ့ ဒီဇာဘီ

ရောဘတ်တို ဒီဇာဘီဟာ မနေ့ညက မာဆေးလ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် နည်းပြအလုပ်ကို ချက်ချင်းပြန်လည်စတင်ဖို့ အသင့်ဖြစ်နေပါတယ်။

အီတလီလူမျိုးနည်းပြ ဒီဇာဘီဟာ ပီအက်စ်ဂျီ အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မာဆေးလ်အသင်း တာဝန်ရှိသူတွေရဲ့ ထုတ်ပယ်ခြင်းကို လက်တွေ့မှာ ခံခဲ့ရတာပါ။

ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အလွန်စိတ်အားထက်သန်နေပြီး နည်းပြအလုပ်ကို ချက်ချင်းပြန်စဖို့လည်း လမ်းဖွင့်ထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဒီဇာဘီဟာ တော့တင်ဟမ်အသင်းက သောမတ်စ်ဖရန့်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး တော့တင်ဟမ်ဘုတ်အဖွဲ့ကလည်း သူ့ကို သဘောကျနေတာဖြစ်ပါတယ်။

တော့တင်ဟမ်အသင်း နယူးကာဆယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် သောမတ်စ်ဖရန့်ရဲ့ ရာထူးဟာ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး လာမယ့်တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် သူ ရာထူးကနေ ဖယ်ရှားခံရနိုင်တယ်လို့ သတင်းအချို့က ဆိုပါတယ်။

တော့တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက သောမတ်စ်ဖရန့်ကို မခန့်အပ်ခင်မှာ ဒီဇာဘီကို ခန့်ဖို့ စဉ်းစားခဲ့ဖူးပြီး အခုချိန်ထိလည်း သူ့ကို စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားဆဲ ဖြစ်ပါတယ်။