The network connection is lost.

Banner Image

ဘာစီလိုနာကိုကျောခိုင်းပြီး ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့တဲ့ လူငယ်ကြယ်ပွင့်ဒရိုဖာနန်ဒက်ဇ်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုမြင့်တက်နေ

ပီအက်စ်ဂျီက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာလူငယ်ခြေတက်ကစားသမားလေး ဒရိုဖာနန်ဒက်စ််ကို အောင်မြင်စွာခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ စပိန်နိုင်ငံရဲ့ စည်းမျဉ်းတွေအရ ယူရို ၆ သန်းတန် စာချုပ်ဖျက်သိမ်းကြေးအပေါ် ၄၇ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမယ့် ကိစ္စရပ်တွေကြောင့် အနည်းငယ် ကြန့်ကြာမှုတွေ ရှိခဲ့တာပါ။

ဒီလို အပိုဆောင်း ကုန်ကျစရိတ်တွေကြောင့် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းမှုကို တိုးမြှင့်ခဲ့ရပြီး စုစုပေါင်း ပြောင်းရွှေ့ကြေးဟာ ယူရို ၇ သန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီး၊ ချယ်လ်ဆီးနဲ့ ဒေါ့မွန်တို့လို အသင်းကြီးတွေက ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဖာနန်ဒက်ဇ်ကတော့ ပဲရစ်မြေကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်က ဖာနန်ဒက်ဇ်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ထားရှိဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်ရဲ့ ပွဲထွက်ကစားခွင့် ပိုမိုရရှိစေရမယ်ဆိုတဲ့ ကတိစကားကြောင့် သူဟာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒရိုဖာနန်ဒက်ဇ်ရဲ့ ဒီဆုံးဖြတ်ချက်က မှန်၊မမှန်စောင့်ကြည့်ရဖို့ရှိပေမဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း အော်စကာဂါစီယာကတော့ လူငယ်ကစားသမားအနေနဲ့ ပိုမိုကြီးမားတဲ့ အခွင့်အရေးအတွက် ဘာစီလိုနာကို စွန့်ခွာခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဂါစီယာက "ဒီလိုဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အချက်အလက်များစွာ ပါဝင်ပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအတွက် ဒီစာချုပ်က လိုအပ်တာလား၊ ဒါမှမဟုတ် ဘာစီလိုနာမှာ ငါးဦးမြောက်၊ ခြောက်ဦးမြောက် လူစားလဲကစားသမားဖြစ်နေချိန်မှာ ပီအက်စ်ဂျီမှာ တတိယဦးစားပေး ဖြစ်လာနိုင်သလားဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ဒရိုဖာနန်ဒက်ဇ်က ဘာစီလိုနာလူငယ်အသင်းမှ စီနီယာအသင်းဆီ အဆင့်နှစ်ခုလောက်ကျော်ပြီး တိုက်ရိုက်ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဒါဟာ တခြားကစားသမားတွေထက်ပိုတဲ့ သူ့အပေါ်ထားရှိတဲ့ နည်းပြရဲ့ယုံကြည်မှုကို ပြသနေပါတယ်။ ဟန်စီဖလစ်ခ်ရဲ့စိတ်ပျက်နေမှုကိုလည်း ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေကို ဘာစီလိုနာမှမထွက်ခွာဖို့ အမြဲတမ်းအကြံပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။