The network connection is lost.

Banner Image

ဆယ်လ်တာဗီဂိုအတွက် လာဇီယိုမှထွက်ခွာလာတဲ့ ဗီစီနို

စပိန်လာလီဂါကလပ် ဆယ်လ်တာဗီဂိုက လာဇီယိုအသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမားဗီစီနိုကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

လာဇီယိုက အသက် ၃၄ နှစ်အရွယ်ကွင်းလယ်ကစားသမားနဲ့ စာချုပ်သက်တမ်း ၆ လခန့် ကျန်ရှိနေသေးပေမဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုဖို့ သဘောတူညီပေးခဲ့ပါတယ်။

ဗီစီနိုကိုအခုလိုထွက်ခွာခွင့်ပေးလိုက်ခြင်းကြောင့် ရောမကလပ်အသင်းအတွက် ကစားသမားဆီပေးချေရမယ့် လုပ်ခလစာ ယူရို ၂ သန်းခန့်ပမာဏကို သက်သာသွားစေပါလိမ့်မယ်။

နည်းပြဆာရီလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဗီစီနိုက ဆယ်လ်တာဗီဂိုနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ဗယ်စီနိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က အင်တာမီလန်မှ လာဇီယိုဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုအခါ စပိန်မြေမှာ ကစားသမားဘဝစိန်ခေါ်မှုအသစ်ကို ထပ်မံရင်ဆိုင်သွားပါလိမ့်မယ်။