The network connection is lost.

Banner Image

ဘင်ဖီကာနဲ့ရင်ဆိုင်ရမယ့် ပလေးအော့ဖ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတဲ့ ဘယ်လင်ဟမ်

ဗယ်လီကာနိုနဲ့ရင်ဆိုင်ရတဲ့ ဘာနေဗျူးကွင်းပွဲစဉ်မှာ ပြင်းထန်တဲ့နာကျင်ဒဏ်ရာတစ်ခုနဲ့အတူ ဘယ်လင်ဟမ် ကွင်းတွင်းမှထွက်ခွာလာပြီး နာရီပိုင်းအကြာမှာပဲ ရီးရဲလ်မက်ဒရစ်က အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဘယ်လင်ဟမ်က ဘယ်ခြေထောက်ကြွက်သားနေရာမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဒဏ်ရာအမျိုးအစားရဲ့သဘောသဘာဝအရ Stourbridge ဒေသဖွားကစားသမားက တစ်လနီးပါး အနားယူရဖို့ရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့လာမယ့်ပွဲစဉ်တွေနဲ့ ဘင်ဖီကာကို မကျေပွဲထပ်မံရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ်ရှုံးထွက်ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။
သူက ပေါ်တူဂီဘီလူးကြီးနဲ့ရင်ဆိုင်ရမယ့် ပထမအကျော့ပွဲစဉ်ကို သေချာပေါက်လွဲချော်ဖို့ရှိနေပြီး ဒုတိယအကျောပွဲစဉ်မှာလည်း မကစားနိုင်ဖို့ အလားအလာမြင့်မားနေပါတယ်။
တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ပွဲချိန်ကိုးမိနစ်မှာပဲ ဗြိတိသျှကစားသမားက သူ့ရဲ့ပြေးလွှားနေမှုကို အပြီးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူက ပေါင်ကိုဆွဲကိုင်ရင်း လူစားလဲလှယ်ဖို့ အချက်ပြခဲ့လို့ ဘရာဟင်ဒီယက်ဇ်နဲ့ ချက်ချင်းအစားထိုးခဲ့ပါတယ်။