The network connection is lost.

Banner Image

အန်ဖီးလ်နိုင်ပွဲနဲ့အတူ TOP 4 ဝင်ခွင့်အတွက် အကောင်းဆုံးဖိအားပေးနေတဲ့ လီဗာပူး

လီဗာပူး ၄-၁ နယူးကာဆယ် (ပွဲပြီးရလဒ်)

အခုအန်ဖီးလ်ကွင်းပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမယ့် နောက်မှလိုက်ကစားပြီး ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန်နာရီဝက်ကျော်မှာ ဂေါ်ဒွန်က ကန်သွင်းရယူခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် လီဗာပူးအတွက် အီကီတီကီက ချေပဂိုးရော၊ ဦးဆောင်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ဖလော်ရီယန်ဝစ်ဇ်၊ ကိုနာတေးတို့က အိမ်ရှင်တွေအတွက် အနိုင်ရလဒ်ပြတ်သားစေမယ့်သွင်းဂိုးတွေကို ရှာဖွေသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက အမှတ်ပေးဇယားပဉ္စမနေရာမှာရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်ချက်ကို အကောင်းဆုံးအသက်သွင်းထားပါတယ်။