The network connection is lost.

Banner Image

တိုရီနိုနဲ့ပွဲမှာ ဟွိုက်လန်းနဲ့ တိုမီနေးတို့ကို ဘာကြောင့်ချန်လှပ်ခဲ့သလဲ ရှင်းပြလာတဲ့ ကွန်တီ

နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက စနေနေ့က တိုရီနိုကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အသင်းရဲ့အဓိတိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ စကော့မက်တိုမီနေးတို့ကို ဘာကြောင့် လူစာရင်းမှချန်လှပ်ခဲ့သလဲ ရှင်းပြလာခဲ့ပါတယ်။

နာပိုလီအနေနဲ့ ဟွိုက်လန်းနဲ့ တိုမီနေးတို့မပါဝင်တာကြောင့် တိုက်စစ်ပိုင်း ပုံစံကောင်းရရှိဖို့ရုန်းကန်ခဲ့ရပြီး တိုရီနိုကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှ တစ်ရာသီအငှားစာချုပ်နဲ့အီတလီသို့ ရောက်ရှိလာခဲ့တဲ့ဟွိုက်လန်းဟာ နာပိုလီအတွက်ဒီရာသီမှာ ပုံစံကောင်းပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၆ ပွဲကစားပြီးချိန်မှာ ၄ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ 

ဒါ့အပြင် ကစားသမားဟာ ဒိန်းမတ်လက်ရွေးစင်အတွက်လည်း ခြေစွမ်းပြသနေသူဖြစ်ပြီး ပွဲစဉ်တိုင်းလိုလိုမှာ သွင်းဂိုးတွေ ရယူပေးနေတာဖြစ်ပါတယ်။ တိုမီနေးအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက နာပိုလီနဲ့အတူ အီတလီစီးရီးအေဖလားကိုဆွတ်ခူးနိုင်ခဲ့သလို ယခုရာသီမှာလည်း အဓိကအရေးပါတဲ့ကွင်းလယ်လူအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

ယခုအခါမှာ ကွန်တီက "သူတို့နှစ်‌‌‌ယောက်စလုံးက အသင်းအတွက်ကစားပေးဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့မှာ တိုမီနေးက ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပါတယ်။ သောကြာနေ့မှာ သူပြန်ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ စွန့်စားမှုမယူချင်လို့ ချန်လှပ်ခဲ့တာပါ"

"ဟွိုက်လန်းကတော့ လက်ရွေးစင်အသင်းမှာ တော်တော်လေးပင်ပန်းခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ပွဲတိုင်းကစားထားသလို၊ ဒိန်းမတ်မှာလည်း ပွဲတိုင်းကစားခဲ့တာပါ။ ဒါကြောင့် ပွဲပန်းမှုဒဏ်ကို ပြန်လည်ကာကွယ်နိုင်ဖို့ သူ့ကို မကစားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခု တိုရီနိုကိုရှုံးနိမ့်ခဲ့ခြင်းမှာ ဒီရာသီ နာပိုလီရဲ့ ပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကနေလည်း ဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ နာပိုလီဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကစားသမားအစုံအလင်နဲ့ နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။