The network connection is lost.

Banner Image

ရီးရဲလ်စတားကို အငှားနဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဂီတာဖေးဥက္ကဌ တောရက်စ် အခိုင်အမာဆို

ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ဂီတာဖေးအသင်းဥက္ကဌ တောရက်စ်က ရီးရဲလ်စတား ဂါစီယာကို အငှားနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အသက် ၂၁ နှစ်သားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ပွဲမတိုင်ခင် ၅ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်း ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
၂ သင်းကြားအငှားခေါ်ယူဖို့ ဆွေးနွေးနေတာ သဘောတူညီမှုရရှိခဲ့ပြီလို့ ဂီတာဖေးဥက္ကဌကိုယ်တိုင် အခိုင်အမာပြောကြားလာပါတယ်။
ဒါပေမယ့် ရီးရဲလ်ဘက်က အခြေအနေတွေပြောင်းလဲလာပြီး ဘာပေရဲ့အရန်တိုက်စစ်မှူးအဖြစ် ဆက်လက်ထိန်းသိမ်းချင်လာတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဂွန်ကာလိုနဲ့သဘောတူညီမှုရရှိခဲ့ပါပြီ။ ရီးရဲလ်အသင်းမှာ သူမဆက်နေပါဘူး။ ဒီသဘောတူညီမှုရခဲ့တာက လွန်ခဲ့တဲ့ ၁ လခွဲလောက်ကတည်းကပါ။ အသင်းနဲ့ အေးဂျင့်ကြား သဘောတူညီမှုရခဲ့တာပါ။ 
ဂွန်ကာလိုရောက်လာခဲ့ရင် ကျွန်တော်တို့ကိုကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မူနို့စ်ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူက လက်ရှိကလပ်ကမ္ဘာ့မှာပဲရှိနေပါသေးတယ်”လို့ တောရက်စ်က ပြောကြားခဲ့ပါတယ်။
ရီးရဲလ်ဟာ အခုအပတ်မှာ ပီအက်စ်ဂျီနဲ့ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲကန်ရမှာဖြစ်ပြီး ဂါစီယာသာဂိုးသွင်းနိုင်ရင် ရီးရဲလ်က ဆက်ထိန်းဖွယ်ရှိနေပါတယ်။