
ဆဲလ်ဘတ်ကို ဂိုးပြတ်အနိုင်ယူကာ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတဲ့ ရီးရဲလ်မက်ဒရစ်
ဆဲလ်ဘတ် ၀ - ၃ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ပွဲလုံး ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ဗင်နီစီးယက်စ်၊ ဗယ်ဗာဒီ၊ ဂွန်ကာလိုဂါစီယာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရကာ အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။
ဆဲလ်ဘတ်ကတော့ ဒုတိယပိုင်းမှာ အခွင့်အရေးအကြိမ်ကြိမ်ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲကြုံရကာ အုပ်စုက ထွက်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ၁၆သင်းရှုံးထွက်အဆင့်မှာ ဂျူဗင်တပ်စ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။