
နှစ်ဂိုးပြတ်ဦးဆောင်နေရာကနေ သရေတစ်မှတ်သာရခဲ့လို့ ပီအက်စ်ဂျီနဲ့တွေ့တော့မယ့် အင်တာမိုင်ယာမီ
အင်တာမိုင်ယာမီ ၂ - ၂ ပါးမီးရက်စ် (ပွဲပြီးရလဒ်)
အင်တာမိုင်ယာမီအသင်းဟာ ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အုပ်စုပထမနေရာရဖို့ အနီးစပ်ဆုံးအနေအထားဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီး နှစ်ဂိုးဆက်ပေးခဲ့ရတာကြောင့် အုပ်စုဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ပါးမီးရက်စ်က ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နည်းပြရဲ့လူစားလဲမှန်ကန်မှုတွေကြောင့် အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး အုပ်စုဗိုလ်နေရာကို ရယူသွားနိုင်ခဲ့ပါတယ်။
ရှုံးထွက်အဆင့်မှာတော့ ဘရာဇီးကလပ်နှစ်သင်းဖြစ်တဲ့ ပါးမီးရက်စ်နဲ့ ဘိုတာဖိုဂိုတို့ ရင်ဆိုင်ရမှာဖြစ်ပြီး အင်တာမိုင်ယာမီကတော့ ဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ အကြိတ်အနယ်ကစားရတော့မှာ ဖြစ်ပါတယ်။
အခြားပွဲစဉ်ရလဒ်
--------------------
ပေါ်တို ၄ - ၄ အယ်လ်အာလီ