The network connection is lost.

Banner Image

အဝါကတ်တွေပလူပျံကာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ရေးဗားပလိတ်နဲ့ မွန်တာရေး

ရေးဗားပလိတ် ဝ-၀ မွန်တာရေး (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ နှစ်ဖက်အသင်းကစားသမားတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ကစားပုံတွေပါကြမ်းတမ်းကာ အဝါကတ်တွေပလူပျံနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရေးဗားပလိတ်ရော၊ မွန်တာရေးပါ အနိုင်ရလဒ်ထက် အမှတ်မဆုံးရှုံးစေရေးကို ဦးစားပေးကစားခဲ့လို့ နှစ်သင်းလုံးအတွက် ထိုက်တန်တဲ့သရေလဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ရေးဗားပလိတ်ကွင်းလယ်လူ ကတ်စ်တာနို နှစ်ဝါတစ်နီပြစ်ဒဏ်ထိသွားလို့ အင်တာမီလန်နဲ့အရေးကြီးပွဲစဉ်ကို လွဲချော်သွားပါတော့မယ်။ မွန်တာရေးကတော့ အုပ်စုတွင်းအားအနည်းဆုံးဖြစ်တဲ့ အူရာဝါနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက်ရှိနေဆဲ ဖြစ်ပါတယ်။