The network connection is lost.

Banner Image

အိမ်ကွင်းမှာ ယူနိုက်တက်ကို ဂိုးပြတ်သွင်းပြီး တီးထုတ်ပေးလိုက်တဲ့ နယူးကာဆယ်

နယူးကာဆယ် ၄ - ၁ ယူနိုက်တက် (ပွဲပြီးရလဒ်)

နယူးကာဆယ်အသင်းဟာ ယနေ့ညပွဲမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ယူနိုက်တက်ခံစစ်အားနည်းမှုကို အခွင့်ကောင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အဖိုးတန်ရမှတ် ၃မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက်က ကောင်းမွန်တဲ့ အခိုက်အတန့်အချို့ ရှိခဲ့ပေမယ့် ခံစစ်က ဒါလော့၊ မာဇရာဝီ၊ လင်ဒီလော့ဖ်တို့ရဲ့ အမှားတွေကြောင့် မဖြစ်သင့်တဲ့ဂိုးတွေပေးရကာ ဂိုးပြတ်ရှုံးခဲ့ရပါတယ်။
ဒါ့အပြင် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြလာတဲ့ တိုက်စစ်မှူး ဇက်ခ်ဇီ ဒဏ်ရာရသွားတာကလည်း ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။