
အာဆင်နယ်ပစ်မှတ်ဟာ လီဗာပူးမှာကစားနိုင်စွမ်းရှိတယ်လို့ စလော့ ယုံကြည်နေ
လီဗာပူးအသင်းနည်းပြ အန်းစလော့က အာဆင်နယ်ပစ်မှတ် ဝုဗ်စတား ကန်ဟာတစ်ယောက် အသင်းမှာကစားနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။
၂၀၂၂ ဒီဇင်ဘာတုန်းက တီကိုအသင်းထံကနေ ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဟာကို ဆောင်းရာသီဈေးကွက်တုန်းက အသင်းတော်တော်များများစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားဟာ အဆုံးသတ်မှာတော့ ဝုဗ်အသင်းမှာဆက်နေခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေးပါဝင်တဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ ဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ ရှာဖွေနေပြီး စလော့က ကန်ဟာကို လီဗာပူးမှာကစားနိုင်တဲ့ကစားသမားအဖြစ် ရှုမြင်နေပါတယ်။
“သူ(ကန်ဟာ)က ကျွန်တော်တို့လိုချင်နေတဲ့ကစားသမားမျိုးပါ။ ကျွန်တော် ကိုင်တွယ်ခဲ့တဲ့လိဂ် ဒါမှမဟုတ် ဒီလိဂ်မှာကော ကစားနိုင်တဲ့ကစားသမားမျိုးပါ။ လက်ရှိဝုဗ်အခြေအနေကို ကျွန်တော် မသိပါဘူး။
အဆင့် ၁၇ လို့တော့ ထင်ပါတယ်။ တကယ်လို့ နယ်သာလန်လိဂ်မှာဆိုရင် အဆင့် ၁၇ က အသင်းကစားသမားဟာ အေဂျက် ၊ ပီအက်စ်ဗွီ ၊ ဖီယင်နုမှာ ကစားနိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် ကန်ဟာကတော့ အရည်အချင်းရှိတဲ့ကစားသမားဖြစ်ပြီး အင်္ဂလန်ရဲ့ထိပ်တန်းအသင်း ၅ သင်းထဲက ၁ သင်းမှာ ကစားနိုင်စွမ်းရှိပါတယ်။
အင်္ဂလန်က အဆင့် ၁၇ အသင်းက ဟော်လန်က အဆင့် ၁၇ အသင်းထက် ပိုကန်ရတာ ခက်ခဲတယ်ဆိုတဲ့အချက်ကို မြင်နိုင်ပါတယ်။
နောက်တစ်ကြိမ် ကျွန်တော်တို့ ဂယ်ရီအိုနေးလ်နဲ့ ရင်ဆိုင်ခဲ့ဖူးပြီးပါပြီ။ သူတို့က အရမ်းကောင်းသလို ကန်ဟာလိုကစားသမားမျိုးလည်းရှိနေတာကြောင့် လာမယ့်တနင်္ဂနွေနေ့ပွဲက ခက်ခဲမှာ သေချာပါတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။