The network connection is lost.

Banner Image

စိတ်ပျက်စရာခြေစွမ်းနဲ့ အိမ်ကွင်းမှာ ဘုန်းမောက်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် ၀-၃ ဘုန်းမောက်(ပွဲပြီးရလဒ်) 

ဟူဆန်(၂၉')
ကလူဝီဗတ်(၆၁' pen)
ဆီမီညို (၆၃) 

ပထမပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ဖြုန်းတီးမှုတွေနဲ့အတူ ဘုန်းမောက်ကို ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာလည်း နောက်ထပ် ၂ ဂိုးအထိထပ်မံခွင့်ပြုခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ မာလာစီယာကိုထုတ်ပယ်ပြီး ယိုရိုကိုထည့်သွင်းကာ ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပေမယ့် ကစားပုံ ထူးထူးခြားခြားတိုးတက်လာခြင်းမရှိခဲ့သလို၊ လူစားဝင်လာတဲ့ ဟွိုက်လန်းနဲ့ ဂါနာချိုတို့ကလည်း အခွင့်အရေးတွေကို ဂိုးအဖြစ်အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် ဘုန်းမောက်ကတော့ အဆင့် ၅ နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။