The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ ပွဲစဉ်မတိုင်မီ အချိန်မီလိုက်ပါပူးပေါင်းနိုင်ခဲ့ပေမဲ့ ဝင်ရောက်ကစားခွင့်မရခဲ့တဲ့ အမေရိကန်ကြယ်ပွင့် ရေနာ

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို အင်္ဂါနေ့ညမှာ စတင်ကစားခဲ့ကြတာဖြစ်ပြီး အုပ်စု (F) ပွဲစဉ်တစ်ပွဲအဖြစ် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာမှာ ဒေါ့မွန်အသင်းရဲ့အားထားရတဲ့ အမေရိကန်ကစားသမား ရေနာက လိုက်ပါပူးပေါင်းနိုင်ခဲ့ပေမဲ့ ပါဝင်ကစားခွင့်မရခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းပါဝင်ကစားနေစဉ်ကာလအတွင်း ရေနာအနေဖြင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းအတွက် ကစားပေးရမယ့် ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ကလပ်လက်ရွေးစင် အသင်းရဲ့ စူပါးစတားတစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ်ရေနာ ဒဏ်ရာကနေ သက်သာ ဒေါ့မွန်ယူ - ၂၃ အသင်းနဲ့ ပူးတွဲလေ့ကျင့်နေပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါ့မွန်အသင်းက ဖရိုင်းဘတ် အသင်းကို ၄ဂိုး - ၂ဂိုး ဖြင့်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြင် ပီအက်စ်ဂျီအသင်းကို ၂ဂိုး - ၀ဂိုးရလဒ်ဖြင့် အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ပါဝင်ကစားပေးခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ အီဒင်တာဇစ်ရဲ့ ဒေါ့မွန်အသင်းက ယခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်းမှာ ၄ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲမရှိ ကစားထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်ဖြင့် ရမှတ် ၈မှတ်ပိုင်ဆိုင်ထားကာ ယနေ့ညမှာ လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းတွင် ချန်ပီယံလိဂ်ပွဲစဉ် ကစားသွားခဲ့ရာမှာ ၂ဂိုး - ၀ဂိုးဖြင့် အရေးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက လာမယ့်အပတ်ပွဲစဉ်တွင် ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ် ဝုဖ်ဘတ်အသင်းကို စနေနေ့၌ အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အရေးနိမ့်ခဲ့တာကြောင့် အနိုင်ရမှတ် လိုအပ်လာတဲ့ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၂) တွင် ရေနာရဲ့ အမေရိကန်လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ခရစ်ရှန်ပူလီဆစ်၊ ယူနက်မူဆက်ချ် တို့ပါဝင်နေတဲ့ အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။