The network connection is lost.

Banner Image

ယူနိုက်တက်မှ အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းပြလိုက်တဲ့ အက်ရှ်လေယန်း

အီတလီတွင် အက်ရှ်လေယန်းဟာ ကြီးမားတဲ့ သက်ရောက်မှုများ ဖန်တီးနိုင်ခဲ့ပြီး အင်တာမီလန်တွင် ကစားခဲ့စဉ် စကူဒတ်တိုကို ဆွတ်ခူးနိုင်အောင် နီရာဇူရီအသင်းကို ကူညီပေးခဲ့ပါတယ်။ ဝါရင့် နောက်တန်းကစားသမားဟာ အဲဗာတန်မှ လက်တလောတွင် ထွက်ခွာလာခဲ့ပြီး Sky Sports သို့ "ယူနိုက်တက် ကစားသမားတစ်ယောက်မှ ထွက်ခွာချင်တယ်လို့ မထင်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်က ကမ္ဘာ့အကြီးဆုံးကလပ်ရဲ့ ကပ္ပတိန်ပါ။ ဒါပေမဲ့ အာရွန် ဝမ်ဘစ်ဆာကာ ရောက်လာပြီ၊ အဲဒီအချိန်က နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ကျွန်တော့်ကို သူက ပိုပြီး ကစားခွင့်ပေးမယ်လို့ ပြောခဲ့ပါတယ်"

"ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် နေလို့ရပါတယ်။ ဒါပေမဲ့ အဲဒီနောက် အန်တိုနီယို ကွန်တီ ရဲ့ စိတ်ဝင်စားမှုအကြောင်း ကျွန်တော် ကြားခဲ့ရတယ်။ ပြီးတော့ အသက် ၃၄ နှစ်မှာ ကျွန်တော်ဟာ ယူနိုက်တက်မှာ ကပ္ပတိန်အဖြစ် နေပြီး မကစားတာ ဒါမှမဟုတ် တခြားလိဂ်တစ်ခုကို သွားပြီး 'ဒီကိုလာကစားပါ မင်းကို ငါ့အသင်းအတွက် ကစားစေချင်တယ်' လို့ ကျွန်တော့်ကို တိုက်ရိုက်ဖုန်းဆက်ခဲ့တဲ့ နည်းပြတစ်ဦးအတွက် ကစားဖို့အတွက်ကို ရွေးချယ်ခဲ့ရတယ်" လို့ ယန်းက ရှင်းပြခဲ့ပါတယ်။

ယန်းက "အများအပြားက ကျွန်တော် လူစားဝင်ကစားသမားအဖြစ် နေပြီး ငွေရှာလို့ ရတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် ဘောလုံးကစားချင်ခဲ့တာ။အဲဒါက ကျွန်တော် ကြီးပြင်းလာခဲ့တဲ့အရာပဲ။ ကလေးဘဝကတည်းက ကျွန်တော် အမြဲတမ်း ဘောလုံးကစားချင်ခဲ့တယ်၊ အောင်မြင်ချင်ခဲ့တယ်။ကျွန်တော် ရောက်လာတဲ့အချိန်မှာ အင်တာက လိဂ်ရဲ့ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ သူတို့က အောင်မြင်မှု ရှိခဲ့ကြပြီး နောက်ရာသီမှာ ကျွန်တော်တို့ စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်။ အင်တာကို သွားမယ်လို့ ကျွန်တော် ဆုံးဖြတ်ပြီးသားပါ" လို့လည်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တုံ့ပြန်မှုနှင့် ပတ်သက်၍ ယန်းက "သူတို့ ကျွန်တော့်ကို စာချုပ်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ စောစောစီးစီး စဉ်းစားခဲ့သင့်တယ်။ သူတို့ တကယ် ဖြစ်စေချင်ခဲ့ရင် ကျွန်တော့်ကို စာချုပ်ကို စောစောစီးစီး ကမ်းလှမ်းခဲ့မှာပါ။ အင်တာကို ပြောင်းခဲ့ရတာ ပျော်ပါတယ်။ စကူဒတ်တိုကိုတောင် ဆွတ်ခူးခဲ့ရပါသေးတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။