အင်္ဂလန်နှင့် ကစားမယ့် ပွဲမတိုင်မီ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရတဲ့ ဇာခါ
ဆွစ်ဇာလန်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီတလီကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ လက်ရှိချန်ပီယံကို ကျော်ဖြတ်ခဲ့ပြီးနောက် ကွားတာဖိုင်နယ်သို့ တက်ရောက်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်ဟာ တနင်္ဂနွေနေ့က Gelsenkirchen မှာ ဟယ်ရီကိန်းနှင့် ဘယ်လင်ဂမ်တို့ရဲ့ အချိန်ပိုသွင်းဂိုးများကြောင့် ဆလိုဗက်ကီးယားကို အနိုင်ရရှိခဲ့ပါတယ်။ ခြင်္သေ့သုံးကောင်ဟာ နောက်ဆုံး ရှစ်သင်းအဆင့်သို့ ရောက်လာချိန်မှာ ဆွစ်ဇာလန်ရဲ့ အီတလီအား အနိုင်ရခြင်းတွင် အသင်းရဲ့အစီအစဉ်များအတွက် ဇာခါဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဂျာမနီမှာလည်း လေဗာကူဆင်နှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ စနေနေ့ အင်္ဂလန်နှင့် ကစားမယ့်ပွဲအတွက် ပါဝင်မယ်လို့ မျှော်လင့်ရသော်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က လေ့ကျင့်ရေးကို လွဲချော်စေခဲ့တဲ့ ကြွက်သားဒဏ်ရာကို ကုသနေရကြောင်း သိရပါတယ်။ ဇာခါက အီတလီကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာကို ထပ်ပြီးခံစားခဲ့ရတယ်လို့ ရှင်းပြခဲ့ပေမယ့် အင်္ဂလန်နဲ့ပွဲအတွက် အချိန်မီသက်သာသွားမယ်လို့ မျှော်လင့်နေပါတယ်။
"အီတလီပွဲမတိုင်ခင် ကျွန်တော်တို့ ပင်နယ်တီ အဆုံးအဖြတ် အတွက် လေ့ကျင့်ခဲ့ပါတယ်။ ပထမဆုံးကြိုးစားမှုမှာ ကျွန်တော်ရဲ့ဘယ်ဘက်ပေါင်ကြွက်သားမှာ တစ်ခုခုခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကြာသပတေးနေ့ လေ့ကျင့်မှုကို မလုပ်နိုင်ခဲ့ပါဘူး။ သောကြာနေ့ နောက်ဆုံးလေ့ကျင့်ရေးကွင်းမှာတော့ အရာအားလုံး အဆင်ပြေသွားပြန်ပါတယ်" "ဒါပေမယ့် ပွဲကစားပြီး ၁၅ မိနစ်အကြာမှာ ပြန်ခံစားရပါတယ်။ ကံကောင်းထောက်မစွာပင် ကျွန်တော့်အတွက်အလွန်ကောင်းတဲ့ ဆရာဝန်များရှိနေပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် တစ်ပွဲလုံး ကစားနိုင်ခဲ့တယ်။ ဒါက ကျွန်တော့်အတွက် အရေးကြီးပါတယ်" "တနင်္လာနေ့ MRI ရိုက်ပြီးမှာ အတိအကျ သိနိုင်ပါတယ်။ ဒါပေမယ့် အားလုံးကို ကုသဖို့ အခု ၇ ရက်ပဲ ကျန်ပါတော့တယ်" လို့ ဇာခါက တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
၇ နှစ်တာ ကစားခဲ့တဲ့ အာဆင်နယ်ကနေ ဇာခါဟာ ပြီးခဲ့တဲ့ နွေရာသီက ထွက်ခွာခဲ့ပြီးနောက် ဇာဗီအလွန်ဆိုရဲ့လက်အောက်က လေဗာကူဆင်နှင့်အတူ ထူးထူးခြားခြား အောင်မြင်မှုများ ရရှိခဲ့ပါတယ်။ အခုဆို နိုင်ငံတကာပွဲစဉ်တွေမှာ ပိုပြီး ကျော်ကြားလာနေပါပြီ။
သရေကျဖို့ ပိုကောင်းတဲ့အလားအလာရှိနေပြီး အင်္ဂလန်နှင့် ဆွစ်ဇာလန်ပွဲ အနိုင်ရတဲ့အသင်းဟာ ယခုလ ဘာလင်တွင် ဖိုင်နယ်သို့ တက်ရန် အခွင့်အလမ်းအတွက် စိတ်ကူးယဉ်နိုင်ပြီး ဆွစ်ဇာလန်စခန်းတွင်းမှာတော့ ဘာလင်တွင် ဖိုင်နယ်ကစားနိုင်ဖို့ ယုံကြည်ချက်တွေရှိနေပါတယ်။
"ကျွန်တော်တို့ ပြိုင်ပွဲကိုအနိုင်ရမယ်လို့ မပြောပါဘူး" "ဒါပေမယ့် အဲဒီကိုရောက်ဖို့ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမှာပါ။ မပြီးသေးဘူးလို့ ခံစားရတယ်။ ကျွန်တော်တို့က အရင်ကထက် အနိုင်ရရှိဖို့ပိုမိုဆာလောင်နေပါတယ်" လို့ ဇာခါက ပြောပါတယ်။