The network connection is lost.

Banner Image

အသင်းရဲ့ခံစစ်ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဇာဗီ

ပထမဆုံး ၇ ပွဲမှာ ၈ ဂိုး ပေးခဲ့ရပြီးနောက် နောက်တန်းထက် တစ်သင်းလုံးရဲ့ ခံစစ်ကစားပုံက ပြဿနာဖြစ်နေပါတယ်လို့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိဖို့ ၂၅ ပွဲ ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆယ်လ်တာဗီဂိုအား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်မှာ ကစားပုံက မကောင်းခဲ့သော်လည်း အသင်းရဲ့ခံစစ်ပိုင်း အားနည်းမှုကြောင့် ရီးရဲလ်မာယော့ကာနှင့် ၂-၂ ဂိုး သရေကျခဲ့တာဖြစ်ပါတယ်။ တစ်ဦးချင်းထက် ပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့က အဖွဲ့တစ်ခုလုံးအပေါ် မူတည်တယ်လို့ ဇာဗီက ပြောပါတယ်။

"ကျွန်တော်တို့က ပိုပြီးအာရုံစိုက်ရမှာပါ။ မာယော့ကာနဲ့ပွဲကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ နောက်တန်းက ကစားသမား ၅ ဦးကြောင့် မဟုတ်ပါဘူး တိုက်စစ်ကလည်း ကောင်းမွန်နေပါတယ်။ ခံစစ်ပိုင်းမှာတော့ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ လူတိုင်းအတွက် တစ်ခုခုပါပဲ။  ဘောလုံးကို ဆုံးရှုံးပြီးနောက် ဖိအားရှိလာခဲ့ပြီး ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ ဒါဟာ ဂိုးသမား ဒါမှမဟုတ် ဗဟိုခံစစ်အကြောင်းတော့ မဟုတ်ပါဘူး။ မနှစ်က ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ ဒီအဆင့်ကို ဆက်ထိန်းထားရမှာပါ" လို့ ဇာဗီက ပြောပါတယ်။


ဘာစီလိုနာဟာ ဇာဗီရဲ့လက်အောက်တွင် နောက်တန်း ၄ ဦး ကစားကွက်ထက် ၅ ဦးကစားကွက်မှာ ပိုမိုရုန်းကန်နေရကြောင်း တော်တော်များများက မှတ်ချက်ပြုပြောကြားထားပါတယ်။

"ကျွန်တော်တို့က နှစ်ဦးယှဉ်ကစားတဲ့အခါမှာ ရှုံးပါတယ်၊ နေရာယူတာလည်း ဆိုးရွားပါတယ်၊ တိုက်စစ်ကတော့ အရမ်းမြန်တယ်။ တည်ငြိမ်မှု ကင်းမဲ့နေပြီး ကစားပုံ တိုးတက်လာရမှာပါ မလိုအပ်တဲ့ ဘောလုံးဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒါတွေကို တိုးတက်အောင်လုပ်ရမှာပါ" "ကျွန်တော်တို့က ရီးရဲလ်ဘက်တစ်နှင့် အန့်ဝပ်တို့နဲ့ ကစားခဲ့တဲ့ပွဲမှာ ကောင်းမွန်ခဲ့ပေမယ့် အရင်က အရာအားလုံးဟာ ပြီးပြည့်စုံမှုတော့ မရှိခဲ့သလို အခုလည်း အရာအားလုံးက မဆိုးရွားနေပါဘူး။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်ပါတယ်" လို့ ဇာဗီက ပြောပါတယ်။

အင်္ဂါနေ့မှာ အေရူဂျိုနဲ့ မာတီနက်ဇ်တို့က ပထမဆုံးပွဲကို အတူတကွ စတင်ကစားခဲ့ကြပြီး လီဝန်ဒေါ့စကီးကတော့ ယခုနှစ်ရာသီမှာ ပထမဆုံးအကြိမ်အဖြစ် အနားယူခဲ့ပါတယ်။ ဒါကြောင့် ကစားသမား အလှည့်ကျ အသုံးပြုမှုရှိနေပြီလားလို့ ဇာဗီက မေးမြန်းခြင်းခံခဲ့ရပါတယ်။

"ကျွန်တော်တို့က ရုပ်ပိုင်းဆိုင်ရာပြဿနာကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဥရောပမှာ ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ဘောလုံးသမားတွေကို အကာအကွယ်ပေးရမှာဖြစ်သလို လူတိုင်းကလည်း အရေးကြီးတယ်လို့ ခံစားရမှာပါ။ သူတို့က အနားယူဖို့လိုအပ်ပါတယ်" လို့ ပြောပါတယ်။

အသင်းရဲ့ခံစစ်က ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ဇာဗီက သိပ်ပြီးစိုးရိမ်နေပုံမပေါ်ပါဘူး။ "လူတော်တော်များများရဲ့ ခွဲခြမ်းစိတ်ဖြာမှုနဲ့ပတ်သက်ပြီး တစ်ခါတစ်လေမှာ ကျွန်တော်က သဘောမတူတာတွေရှိပါတယ်။ သို့သော်လည်း ဒါတွေကို လေးစားရမှာဖြစ်ပါတယ်။ ခင်များတို့က ထင်မြင်ချက်ကို ပေးပေမယ့် နောက်ကွယ်မှာ ကျွန်တော်က ဖြစ်ပျက်နေတာတွေကို ခွဲခြမ်းစိတ်ဖြာနေပါတယ်။ အပြင်မှာ ပြောနေတာတွေကို တုန့်ပြန်ဖို့အတွက် ကျွန်တော်က အချိန်မဖြုန်းပါဘူး" လို့ ဇာဗီက ပြောပါတယ်။

လက်ရှိရာသီမှာ ဇာဗီအတွက် ရွေးချယ်စရာ ကစားသမားနည်းပါးနေပြီး ပထမအသင်းကစားသမား ၁၉ ဦးသာ ကျန်ရှိနေတာဖြစ်ပါတယ်။ ပက်ဒရီ နှင့် ဒီဂျောင်တို့က ဒဏ်ရာများရရှိနေပြီး သူလိုချင်တဲ့ ရွေးချယ်မှုအချို့ထက် နည်းပါးနေမှာဖြစ်သော်လည်း သူ့ရဲ့ကစားသမားတွေကိုတော့ ဖိအားများစွာရဲ့ အောက်မှာမထားရှိစေဖို့ စိတ်အားထက်သန်နေမှာ သေချာပါတယ်။

ဒီဂျောင်ကို ရှုံးထားတာက မာယော့ကာနဲ့ပွဲမှာ သိသာထင်ရှားပေမယ့် ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။